နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌တောင်သူလယ်သမားတို့ အားထားရမည့် စက်ကိရိယာများ တိုးမြှင့်သုံးစွဲ

ရန်ကုန်   စက်တင်ဘာ  ၁၄


နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထားအားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားရေး ဘဝရှင်သန်ရပ်တည်မှုသည် တိုးတက်ကောင်းမွန်လာ၏။ မြန်မာနိုင်ငံသည် ဆန်စပါးအဓိက စိုက်သည့် နိုင်ငံဖြစ်၏။ ထို့အပြင် ဆီထွက်သီးနှံ၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူး သဖြင့် ရေကောင်း၊ မြေကောင်းသည့်နေရာများတွင် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေ ချွေတာသုံးစွဲရေးနှင့် စိုက်ပျိုးရေစီမံကိန်းခန့်ခွဲခြင်းနည်းစနစ်များ၊ လိုက်နာကျင့်သုံးရန် လိုအပ်ချက်များ၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရေး ပေါင်းသတ်ဆေးများ အသုံးပြုခြင်း လျှော့ချ သုံးစွဲရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယခင်က နွားနှင့်ထွန်ယက်ရာတွင် လုပ်ငန်းပြီးမြောက်မှု နှေးကွေးသော်လည်း လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလာကြသဖြင့် တောင်သူလယ်သမားတို့ စက်စွမ်းအားပြည့်၊ လူစွမ်းအားပြည့် အသုံးချတတ်လာ၏။ ယင်းသို့ ပြောင်းလဲသုံးစွဲရာတွင် ရာသီလည်းမီ၊ အလုပ်လည်းတွင်၊ အလေအလွင့်လည်း လုပ်သားရှားလည်း ပူစရာမလို၊ တောင်သူများ၏ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲလာကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးကောင်းသောက်ဧရိယာများရှိ  တောင်သူလယ်သမားအနေဖြင့် ဩဂုတ် လနှင့် စက်တင်ဘာပထမပတ်အတွင်း  ရွာသွန်းခဲ့သော မိုးရေဖြင့် ဆောင်းသီးနှံများ စိုက်ပျိုးလျက်ရှိရာ နှမ်း မျိုးစေ့ချစက်ကို အသုံးပြုစိုက်ပျိုးရာတွင် ငှားရမ်းခအနေဖြင့် တစ်နာရီလျှင် ငွေကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ အထိ ပေးချေရကြောင်းနှင့် တစ်ဧကမှ ၁ ဒသမ ၅ ဧကခန့် စိုက်ပျိုးပြီးစီးကြောင်း လုပ်သားအခက်အခဲရှိသည့် ဒေသ များတွင် အချိန်တိုအတွင်း စိုက်ပျိုးပြီးစီးနိုင်ကြောင်း သိရှိရသည်။ 

တောင်သူလယ်သမားများအနေဖြင့် ရေကောင်း၊ မြေကောင်း၊ အခြေခံကောင်းများကို လက်လွတ်မခံဘဲ မိမိ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ရာသီသီးနှံများကို ကြိုးပမ်းစိုက်ပျိုးကြစေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ