စက်တင်ဘာ ၁၃၊ နယူးဒေလီ
တရုတ်နိုင်ငံနယ်စပ်အတွင်း ဝင်ရောက်သွားချိန်တွင် ဖမ်းဆီးခံရဖွယ်ရှိသည့် အိန္ဒိယနိုင်ငံသားငါးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ တရုတ်နိုင်ငံ နယ်စပ်အနီးရှိ ပြည်နယ်မှလူငယ်များမှာ ယခုလအစောပိုင်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူငယ် များမှာ အမဲလိုက်နေစဉ် တရုတ်နိုင်ငံပိုင်နက်အတွင်း မတော်တဆ ဝင်ရောက်မိခဲ့သည့် မုဆိုးများ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက ပြောသည်။ ယင်းတို့ ပြန်လည်လွတ်မြောက်လာခြင်းကို တရုတ်နိုင်ငံက အတည်ပြု ခြင်းမရှိသေးပေ။
ပြီးခဲ့သည့်ဇွန်လက ပိုင်ဆိုင်မှု အငြင်းပွားနေသည့်ဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။ အဆိုပါလူငယ်များမှာ မုဆိုးများအဖြစ် ရုပ်ဖျက်ထားသည့် ထောက်လှမ်းရေးအဖွဲ့ဝင်များဖြစ်ကြောင်း အမည်မဖော်လိုသည့် လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။ ယင်းတို့လူစုက နယ်စပ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်သန်းခဲ့ခြင်းကြောင့် တရုတ်စစ်တပ်က ဖမ်းဆီး၊ သတိပေးပြီး ဆုံးမခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ အခင်းဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက အသေးစိတ် အချက်အလက်များကို ထုတ်ပြောခဲ့ခြင်းမရှိသော်လည်း တရုတ်နိုင်ငံ၏ တောင်ဘက် တိဘက်ဒေသရှိ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်ကို တရုတ်နိုင်ငံက လုံးဝအသိအမှတ်ပြုခဲ့ခြင်းမရှိဟု ဆိုသည်။
Ref:BBC(KNT)