စက်တင်ဘာ ၁၃၊ လန်ဒန်
စမ်းသပ်ထိုးနှံမှုခံယူနေသူတစ်ဦး နာမကျန်းဖြစ်ခဲ့ခြင်းကြောင့် ဆိုင်းငံ့ခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုများကို ပြန်လည်စတင်တော့မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံရှိ စမ်းသပ်ထိုးနှံမှု ခံယူနေသူတစ်ဦး ဘေးထွက်ဆိုးကျိုး ခံစားခဲ့ရပြီးနောက် AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းဖော်စပ်နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုများကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းတို့၏ ကာကွယ်ဆေးမှာ စမ်းသပ်ထိုးနှံမှု ဆက်လုပ်ရန်အတွက် ဘေးထွက်ဆိုးကျိုးမရှိဟု ပြီးခဲ့သည့် စနေနေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်က ပြောသည်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု ပြန်လည် စတင်မည့်သတင်းကို ကျန်းမာရေးဝန်ကြီး မက်ခ်ဟန်းကော့ခ်က ကြိုဆိုခဲ့သည်။ ''ကျွန်တော်တို့က ဘေးကင်း လုံခြုံရေးကို ဦးစားပေးတယ်ဆိုတာ အခုဆိုင်းငံ့မှုက ဖော်ပြနေပါတယ်။ ဘေးကင်းစိတ်ချရပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေက အာနိသင်ရှိတဲ့ ကာကွယ်ဆေး ထိုးပေးမှာပါ''ဟု မက်ခ်ဟန်းကော့ခ်က ပြောသည်။ ဗြိတိန်နိုင်ငံ ဆေးဝါးဆိုင်ရာ စည်းမျဉ်းရေးဆွဲရေးအဖွဲ့ (Medicines and Healthcare Products Regulatory Agency)နှင့် လွတ်လပ်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြန်လှန်သုံးသပ်ရေးကော်မတီ၏ ထောက်ခံချက်များဖြင့် လေ့လာမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဟု အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်ပြန်ထားသည်။
Ref:BBC(KNT)