နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Tesla က တီထွင်နေသည့် ကားထဲကလေးကျန်ခဲ့ပါက အသိပေးမည့် sensor

စက်တင်ဘာ   ၁၃


စက်ပိတ်ပြီး ရပ်ထားခဲ့သည့်ကားထဲတွင် ကလေးထားခဲ့မိသည့်အခါ ကားပိုင်ရှင်ကို အသိပေးနိုင်မည့် လှုပ်ရှားမှုကို သိနိုင်သည့် အာရုံခံ Sensor တစ်မျိုးကို Tesla က တီထွင်နေသည်။ Tesla Inc သည် မလှမ်းမကမ်းအကွာအဝေးမှ ဆက်သွယ်နိုင်မည့် လှုပ်ရှားမှုကိုသိနိုင်သည့် ထုတ်ကုန်တစ်မျိုးကို ဈေးကွက် တင်ရေးအတွက် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FTC ဆီက ခွင့်ပြုချက်တောင်းခံထားကြောင်း Reuters သတင်းက ဖော်ပြထားသည်။

Tesla ၏ sensor သည် လက်ရှိဥပဒေအရ ခွင့်ပြုထားသည်ထက် ပိုမိုစွမ်းအားမြင့်သည့် high power levels တွင် ထောက်လှမ်းနိုင်မည့် ရေဒါအာရုံခံစနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး ထိုထုတ်ကုန်သည် စက်ပိတ်ထားသည့်အခါ ပူလောင်နေသည့် ကားထဲတွင် ကလေးများ ကျန်မနေခဲ့စေရန်၊ ပစ္စည်းအခိုးမခံရစေရန်ကာကွယ်သည့်စနစ်များကို မြှင့်တင်ပေးနိုင်ကြောင်း  Tesla က ပြောထားသည်။ ထိုအာရုံခံစနစ်ကို အသုံးပြုခြင်းအားဖြင့် ကားအတွင်းပိတ်ထားမိခြင်းကြောင့် Heatstroke ဖြစ်ပြီး သေဆုံးနိုင်ခြေလျှော့ချနိုင်ကြောင်း Tesla က ပြောထားသည်။

Tesla ၏ နည်းပညာသည် အရွယ်ရောက်ပြီးသူနှင့် ကလေးငယ်တို့ကို ကွဲပြားစွာသိနိုင်သည့်ရေဒါပုံဖော် စနစ်ကို အသုံးပြုထားပြီး ကိုယ်ခန္ဓာအရွယ်အစားကို တိုင်းတာနိုင်မည်ဖြစ်သည်။ ထိုနည်းပညာသည် လက်ရှိ ကိုယ်အလေးချိန်အခြေခံ in-seat sensor စနစ်များထက် ယာဉ်တိုက်မှုအတွင်း လေအိတ်ပွင့်မှုကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ကြောင်း Tesla က ပြောထားသည်။

၂၀၁၈−၂၀၁၉ ခုနှစ်အတွင်း ကားအတွင်း၌  Heatstroke ကြောင့် သေဆုံးခဲ့သည့် ကလေးပေါင်း ၅၀ ကျော်ရှိခဲ့ကြောင်း အမျိုးသား အဝေးပြေးယာဉ်လမ်းကြောင်းဘေးကင်းမှုဆိုင်ရာအဖွဲ့အစည်း၏ သတင်းအချက်အလက်များက ဖော်ပြပေးထားသည်။ ဖြစ်စဉ်အများစုမှာ ကားအတွင်း၌မေ့ပြီး ကလေးကို လော့ချထားခဲ့ခြင်းကြောင့် ကလေးငယ်များ သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။                           

 (WP)






အခြားဆက်စပ်သတင်းများ