နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန်ဖိုးသင့် စမတ်ဖုန်း OPPO A32 ကို ကြေညာ

စက်တင်ဘာ   ၁၃


OPPO က တန်ဖိုးသင့် စမတ်ဖုန်း OPPO A32 ကို ကြေညာလာသည်။ အဆိုပါဖုန်းမှာ ၆ ဒသမ ၅ လက်မ LCD 90Hz HD+ ရုပ်ထွက် သုံးထားပြီး ရှေ့ကင်မရာ 16MP ကို Punch-Hole မှာ ထည့်သွင်းထားသည်။

OPPO A32 ကို Snapdragon 460 နှင့် ပါဝါထောက်ပံ့ထားပြီး ကျောဘက်ကင်မရာ သုံးလုံးနှင့် များပြားသည့် ဘက်ထရီလည်း ပါဝင်သည်။

ကျောဘက်ကင်မရာသုံးလုံးကို စတုရန်းကွက်ထဲမှာ ထည့်သွင်းထားပြီး ကျောဘက်ကင်မရာသုံးလုံးက 13MP + 2MP Depth + 2MP Macro ဖြစ်သည်။ ဘက်ထရီ 5000 mAh ပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။

အဆိုပါဖုန်းကို RAM4GB ၊ RAM8GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်ပြီး Storage 128GB ပါဝင်ကာ microSD ကနေ 256GB အထိ ထပ်တိုးနိုင်သည်။ microSD အပြင် SIM ကတ် နှစ်ကတ်လည်း သုံးနိုင်မည်ဖြစ်သည်။

OPPO A32 ကို အပြာရောင်၊ အနက်ရောင်နှင့် အစိမ်းရောင်တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး RAM4GB ဗားရှင်းကို ၁၇၅ ဒေါ်လာနှင့် RAM8GB ဗားရှင်းကို ဒေါ်လာ ၂၂၀ သတ်မှတ်ထားကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ