နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသစ်ထွက်ရှိလာမည့် iPhone 12 မော်ဒယ်များကို အိန္ဒိယတွင် ထုတ်လုပ်သွားရန် Apple စီစဉ်

စက်တင်ဘာ   ၁၃


iPhone 11 စီးရီးကို အိန္ဒိယတွင် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေညာပြီးနောက် Apple က အသစ်ထွက်ရှိလာမည့် iPhone 12 မော်ဒယ်များကိုလည်း လာမည့်နှစ်လယ်လောက်ကစပြီး အိန္ဒိယတွင် ထုတ်လုပ်သွားရန်စီစည်ထားကြောင်း သိရသည်။

Apple သည် iPhone ထုတ်လုပ်ရေးအတွက် အိန္ဒိယဈေးကွက်ပေါ် ပိုမိုအာရုံစိုက်လာသည်။ Business Standard သတင်းအရ Apple သည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး အိန္ဒိယနိုင်ငံအတွင်းတွင် iPhone 12 စီးရီးကို ထုတ်လုပ်သွားမည်ဖြစ်သည်။ 

အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်သွားမည့် သတ္တမမြောက် iPhone မော်ဒယ်လည်း ဖြစ်လာမည် ဖြစ်ပြီး  လက်ရှိ အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်နေသည့် iPhone များသည် တန်ဖိုးနည်း ၊ မော်ဒယ်ဟောင်းများသာဖြစ်သည်။ ယခုနှစ် နှစ်ကုန်ပိုင်းတွင် နောက်ဆုံးထွက် iPhone SE (2020) ကို ဒေသတွင်း၌ ထုတ်လုပ်သွားရန်စီစဉ်ထားသည်။ အိန္ဒိယထုတ် iPhone 12 စီးရီးကို ၂၀၂၁ နှစ်လယ်တွင် ထုတ်လုပ်မှုစတင်မည်ဟု ခန့်မှန်းထားကြသည်။ ဘန်ဂလာရူးအနီး နာရာဆာပူရာ စက်ရုံသစ်တွင် ထုတ်လုပ်သွားမည်ဖြစ်ပြီး ထုတ်လုပ်ပေးမည့် ကုမ္ပဏီသည် Apple ၏ contract manufacture ဖြစ်သည့် ထိုင်ဝမ်ကုမ္ပဏီ Wistron ဖြစ်သည်။ Wistron သည် ဝန်ထမ်းသစ် ၁၀၀၀၀ ခန့်ကို ခန့်အပ်ရန် ရူပီးကုဋေ ၂၉၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။                                           

(WP)






အခြားဆက်စပ်သတင်းများ