နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က HarmonyOS သုံး စမတ်ဖုန်းများ လာမည့်နှစ်ထဲတွင် ဖြန့်ချိသွားမည်

စက်တင်ဘာ   ၁၃


Huawei Developer Conference 2020 ပွဲတွင် HarmonyOS 2.0 ကို ကြေညာသွားခဲ့သည်။ Huawei ၏ နှစ်စဉ်ကျင်းပနေကျ HDC ပွဲတွင် HarmonyOS update သစ် ကြေညာမှုနှင့်အတူ စိတ်ဝင်စားစရာ သတင်းတစ်ခုလည်း ကြေညာခဲ့သည်။

Huawei ၏ အလှည့်ကျ CEO ရစ်ချတ်ယုကိုယ်တိုင် အတည်ပြုချက်အရ Huawei သည် ၂၀၂၁ ခုနှစ်တွင် HarmonyOS အသုံးပြုထားသည့် စမတ်ဖုန်းများ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ HarmonyOS သစ်သည် စမတ်တီဗီ၊ စမတ်နာရီများ၊ စမတ်ဖုန်းများအထိ စမတ်ထုတ်ကုန်မျိုးစုံတွင် အသုံးပြုနိုင်အောင် တည်ဆောက်ထားပြီး  ပြီးခဲ့သည့်နှစ်ထဲက စတင်မိတ်ဆက်ခဲ့သည့် HarmonyOS ကို Honor Vision စမတ်တီဗီတွင် ပထမဆုံး အသုံးပြုလာခဲ့သည်။ အသစ်ထွက်လာတဲ့ HarmonyOS 2.0 SDK ကို စမတ်တီဗီ၊ စမတ်နာရီနှင့် Car Head Units များ အသုံးပြုနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းများအတွက် ပထမဆုံး HarmonyOS Beta ဗားရှင်းဖြန့်ချိမှုကို Developer များအတွက် လာမည့်ဒီဇင်ဘာလထဲတွင် လုပ်ဆောင်သွားရန်ရှိကြောင်း Gizmochina သတင်းက ဖော်ပြထားသည်။ Huawei ၏ ကိုယ်ပိုင် HarmonyOS သစ်သည် စမတ်ထုတ်ကုန်များအတွက် ရည်ရွယ်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။

စမတ်ဖုန်း OS ဈေးကွက်တွင် Samsung ၏ Tizen ၊ Amazon ၏ FireOS ၊ Microsoft ၏ Window Phone နှင့် Canonical ၏ Ubuntu တို့သည် ထိုးဖောက်နိုင်ခဲ့ခြင်းမရှိဘဲ Google နှင့် Apple တို့သာ ကြီးစိုးနေခဲ့သည်။ Google ၏ အန်းဒရိုက်စနစ်ကို ပြီးခဲ့သည့်နှစ်က ထွက်ရှိလာသည့် စမတ်ဖုန်းများ၏ ၈၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် Apple iOS ကို စမတ်ဖုန်း စုစုပေါင်း၏ ၁၄ ဒသမ ၆ ရာခိုင်နှုန်းတွင်  အသုံးပြုခဲ့ကြောင်း IDC သုတေသနကုမ္ပဏီ၏ အစီရင်ခံစာအရ သိရသည်။

Huawei အနေဖြင့် HarmonyOS ကို Open Source အဖြစ် ပေးသွားမည်ဖြစ်ပြီး ပြင်ပကုမ္ပဏီနှင့် Developers များသည် OS System အလုပ်လုပ်ပုံကို လွတ်လပ်စွာကြည့်ရှုနိုင်မည်ဖြစ်သည်။ IoT ထုတ်ကုန် အသေးစားများအတွက် ထုတ်ပေးထားသည့် ကုဒ်သည် RAM 128MB မျှသာရှိပြီး လာမည့်နှစ် ဧပြီလထဲတွင် အကြီးစားထုတ်ကုန်များအတွက် ကုဒ်ကို အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ 


(WP)






အခြားဆက်စပ်သတင်းများ