နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Puma နှင့် စာချုပ်ချုပ်ဆိုလိုက်သည့် နေမာ

စက်တင်ဘာ  ၁၃


နေမာက Nike အမှတ်တံဆိပ်နှင့် လမ်းခွဲပြီး (၂) ပတ်ကြာပြီးနောက် Puma အမှတ်တံဆိပ်နှင့် လက်တွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်ကစားသမား နေမာသည် Nike နှင့် ၁၅ နှစ်တာကာလ ပေါင် ၇၈ ဒသမ ၆ သန်းတန် စာချုပ်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပြီး ယခုအခါ Puma ကုမ္ပဏီက ထုတ်လုပ်သည့်ပစ္စည်းများကို ဝတ်ဆင်အသုံးပြုသွားမည်ဖြစ်သည်။

Nike နှင့် လမ်းခွဲပြီး Puma နှင့်လက်တွဲရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး နေမာက “ကျွန်တော်ဟာ ပီလီ၊ ယိုဟန်ခရိုက်ဖ်၊ အူစီဘီယိုနဲ့ မာရာဒိုနာတို့ရဲ့ ဗီဒီယိုတွေကိုကြည့်ပြီး ကြီးပြင်းလာခဲ့သူပါ။ သူတို့ဟာ ကွင်းအတွင်းက ဘုရင်တွေဖြစ်ကြပြီး ကျွန်တော့်အတွက်လည်း ဘုရင်ဖြစ်ပါတယ်။ သူတို့တွေက Puma ကိုပဲ ဝတ်ဆင်ကြပါတယ်”ဟု ပြောကြားခဲ့သည်။

နေမာသည် ကွင်းပြင်ပမှာလည်း Puma အမှတ်တံဆိပ်၏ Brand Ambassador အဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ယင်း၏ လေ့ကျင့်ရေးနှင့် ပြင်ပလူနေမှုတွင်လည်း Puma က ထွက်သမျှ ကုန်ပစ္စည်းတိုင်းနီးပါးကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


(ဝင်းလွင်)






အခြားဆက်စပ်သတင်းများ