နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀−၂၀၂၁ ရာသီအတွက် ပရီးမီးယာလိဂ် ပြင်ဆင်ထားမှုများ

စက်တင်ဘာ  ၁၃


ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်ပေါင်း ၃၈၀ ရှိပါတယ်။ ဒီပွဲအားလုံးကို ၈ လကြာကစားရမှာပါ။ ၂၀၂၀−၂၀၂၁ ကမ်ပိန်းကိုတော့ စက်တင်ဘာ ၁၂ ရက်ကနေစပြီး ၂၀၂၁ မေလ ၂၃ မှာ ကမ်ပိန်းပြီးဆုံးမှာပါ။ တံခါးပိတ်ပြီးပြိုင်ပွဲ ကျင်းပပေမယ့် စက်တင်ဘာလအတွင်း ၂၈ ပွဲ လုံးကို ရုပ်သံလွှင့်ပေးမှာပါ။ ပရီးမီးယားလိဂ်ပွဲပြီးဆုံးပြီး သုံးပတ်အကြာမှာတော့ ယူရို ၂၀၂၁ စမှာဖြစ်တာကြောင့် ကစားသမားလွှတ်ပေးနိုင်ရန် ချိန်ထားတာလို့ သိရပါတယ်။ ပွဲစဉ် ၁ မှာပါတဲ့ မန်ယူနဲ့ မန်စီးတီးပွဲတွေကိုတော့ ချန်ပီယံလိဂ်ကစားထားရတဲ့ အသင်းတွေ ဖြစ်တာကြောင့် စက်တင်ဘာ ၁၉၊ ၂၁ မှသာ အသီးသီးပြန်လည်ကစားဖို့ စီစဉ်ပေးထားတာပါ။ လက်ရှိ ကစားသမားခေါ်ယူမှုကတော့ တန်ဖိုးကြီးကစားသမားခေါ်ယူမှုမှာ  မနှစ်ကလို အများကြီးမရှိပါဘူး။ ချဲလ်ဆီးက ကိုင်ဟာဗတ် ၇၁ သန်းအပြင် ဘင်ချီဝယ်၊ ဝါနာ၊ ဇီယတ်နဲ့ဆေးဗား(အလွတ်)၊ ဆားရ်တို့အတွက် ပေါင်သန်း ၂၀၀ လောက်သုံးထားပါတယ်။ မန်ယူက ဗန်ဒီဘိခ် ပေါင် ၃၅ သန်း၊ ဝုဗ်က ဖာဘီယိုဆေးဗားအတွက် ပေါင် ၃၅.၆ သန်း၊ လိဒ်က ရိုဒိရိုဂိုကို ပေါင် ၂၆ သန်း၊ ဗီလာက အိုလီဝက်တင်ကို ပေါင် ၂၈ သန်းနဲ့ ဝယ်ခဲ့ကြတာပါ။ တန်းတက်လာတဲ့ အသင်းတွေထဲမှာ နှစ်တိုင်းတန်းပြန်ဆင်းနေကြဖြစ်ပါတယ်။ သုံးသင်းလုံး တန်းတင်ကျန်တဲ့နှစ်တွေကတော့ ၂၀၀၁−၂၀၀၂၊ ၂၀၁၁−၂၀၁၂၊ ၂၀၁၇−၂၀၁၈ ပဲရှိတဲ့အတွက် အခုနှစ်မှာလည်း ဘယ်အသင်းတန်းတင်ကျန်မလဲ၊ ဘယ်အသင်းတန်းပြန်ဆင်းရမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ လူစားလဲလှယ်မှုကို ၃ ဦးသာ လဲလှယ်တဲ့စည်းမျဉ်းကိုသာ ပြန်လည်အသုံးပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။                                                                     


(SO)






အခြားဆက်စပ်သတင်းများ