နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ့ဂ်ဘာကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းပြင်ဆင်

စက်တင်ဘာ  ၁၃


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

နည်းပြ ဇီဒန်းသည် မန်ယူအသင်းက စိတ်ဝင်စားနေသည့် ခံစစ်ကစားသမား ရီဂွီလန်ကို အသုံးပြုကာ ပေါ့ဂ်ဘာကို ကမ်းလှမ်းမှုပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ရီဂွီလန်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှ ဆီဗီလာအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ယူရိုပါလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ အကောင်းဆုံးခြေစွမ်းပြနိုင် ခဲ့သည့်အတွက် ယင်းကို မန်ယူအသင်းက ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း သိရသည်။

ရီဂွီလန်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းနှင့် မန်ယူ အသင်းတို့ကြား ပြောင်းရွှေ့ကြေးညှိနှိုင်းရန် လိုအပ်နေကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းအလိုရှိနေသည့် ရီဂွီလန်ကို အလိုက်ပေးကာ ပေါ့ဂ်ဘာကို ကမ်းလှမ်းမှုပြုလုပ်ရန် နည်းပြ ဇီဒန်းက အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ