နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွာငံမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရွာငံ စက်တင်ဘာ ၁၃


 စက်တင်ဘာ ၁၁ ရက်၊ ညနေ ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွားကားလမ်းတွင် စိုင်းစိန် မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၇၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစိန်(၃၃)နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

စက်တင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီအချိန် နမ့်ပေါင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ နမ့်ပေါင်ကျေးရွာနေ မအေးငွေ၏နေအိမ်သို့ သွားရောက် ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၈၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မအေးငွေ(၅၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ