နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိမ်မြုပ်ပျောက်ကွယ်နေတဲ့ TIKI TAKA ကစားဟန်

စက်တင်ဘာ  ၁၃


တီကီတာကာ ကစားဟန်ဆိုတာက Movement နဲ့ Passing ကိုအသုံးပြုကာ Possession အသာစီး ရယူပြီး တစ်ဖက်အသင်းကို လုပ်ပိုင်ခွင့်ကန့်သတ်ထားတဲ့ ကစားဟန်တစ်ခုဖြစ်ပါတယ်။ ဒီကစားဟန်ကို ဖရန့်ရစ်ကတ်က တီထွင်ခဲ့တာပါ။ ဒီကစားဟန်က ပြည့်စုံလုံလောက်တဲ့ ကစားဟန်တစ်ခုလို့ဆိုရ လောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အဲဒီခေတ်အခါက အသင်းတိုင်းကိုဖြိုခွင်းနိုင်ခဲ့ပြီး ဆုဖလားများစွာကို သိမ်းပိုက်နိုင်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ ဖရန့်ရစ်ကတ်ဟာ ဒီကစားဟန်ကို စတင်သိရှိချိန်မှာ မက်ဆီက ၁၆ နှစ်သားသာ ရှိသေးတဲ့ ၂၀၀၄−၂၀၀၅ မှာ သိရှိခဲ့တာပါ။ ဖရန့်ရစ်ကတ်ဆိုတဲ့ နည်းပြတစ်ဦး အစတည်ခဲ့တဲ့ ကစားဟန်ကို ပက်ဂွာဒီယိုလာတို့ ကိုင်တွယ်အသုံးချလိုက်ချိန်မှာ ဒီကစားဟန်က အတိုင်းအဆမရှိ အောင်မြင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်နဲ့ စီးရီးအေအားပြိုင်မှုတွေ အားကောင်းနေချိန် ဖရန့်ရစ်ကတ်က ရော်နယ်ဒင်ဟို၊ ဆင်မြူရယ်အီတူး၊ အယ်လ်ဗင်ဟို၊ ဒေကို၊ ဇာဗီ၊ အင်နီယေစတာတို့ အစုအဖွဲ့ကို မက်ဆီ၊ ဒါမီယာတို့လို လူငယ်တွေနဲ့ပေါင်းပြီး စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဖရန့်ရစ်ကတ်က သူဟာ ဒီကစားဟန်ကို အဲဒီတုန်းက သိပ်ပြီးမကျော်ကြားသေးတဲ့ ဖူဆယ်ကစားဟန်ကို ကြိုက်လွန်းလို့ ဘောလုံးဆုံးရှုံးမှုနည်းအောင်ပဲ စမ်းသပ်ခဲ့တဲ့သဘောပါ။ ဒါပေမယ့် ဒီကစားဟန်ဟာ ဖူဆယ်မှာတင်မဟုတ်ဘဲ ဘောလုံးအသင်းတွေအတွက်လည်း အသုံးဝင်တာကိုသိရှိခဲ့ပြီး အဲဒီအချိန် Possession Game အနေနဲ့ စတင်အသုံးပြုခဲ့ပါတယ်။ ပေးမယ်၊ ယူမယ်၊ နေရာပြောင်းမယ် အခြေခံသုံးချက်အပေါ်မှာ Play Zone ကို တစ်ဆင့်ချင်း တစ်ထစ်ချင်းရွေ့လျားမှုကို ထပ်မံတီထွင်လိုက်ပါတယ်။ ဒီကစားဟန်ရဲ့ အဓိကအချက်ကတော့ ဘောလုံးမဆုံးရှုံးရေးပါပဲ။ ပိုင်ဆိုင်မှုယူပြီးမှ တိုက်စစ်ဆင်တဲ့ သဘောတရားကို Creativity  အားကောင်းတဲ့ ကစားသမားတွေနဲ့ အဆုံးသတ်ကောင်းတဲ့ ကစားသမားတွေပေါင်းပြီး ကစားကွက်တည်လိုက်တဲ့အချိန်မှာ ထင်ထားတာထက် တစ်ဖက်အသင်းကို ပိုပြီးဖိအားပေးနိုင်မှုကို တွေ့ရှိပါတယ်။ ၂၀၀၆ ခုနှစ်ကာလတွေမှာ ဒီကစားဟန်ရဲ့ အကျိုးကျေးဇူးကို မခံစားကြရသေးပါ ဘူး။ ဒီကစားနည်းကို အပြည့်အဝရရှိလိုက်တဲ့သူကတော့ နည်းပြဂွာဒီယိုလာပါဘဲ။                                                                                                             

(SO)






အခြားဆက်စပ်သတင်းများ