စက်တင်ဘာ ၁၃
ချဲလ်ဆီးကတော့ ပေါင်းသန်း ၂၀၀ သုံးပြီး ဒီရာသီအတွက်ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးမှာ လူစုံမပါနိုင်တဲ့ အားနည်းချက်ရှိနေပါတယ်။ ကိုဗာဆစ်(ပွဲပယ်)၊ အက်စ်ပီလီကျူတာ၊ အင်ချီဝဲလ်၊ ဇီဖက်ချ် တို့အားလုံး ဒဏ်ရာတွေရှိနေသလို အေဘရာဟမ်၊ တိုမိုရီ၊ ပူလီဆစ်၊ ဂျော်ဂျင်ဟို၊ ဘာကလေတို့ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတာကြောင့် ရာသီသစ်မှာပါဝင်ဖို့ မသေချာပါဘူး။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီကလည်း ဘရိုက်တန်ကွင်းမှာ ၁−၁ သာ ကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်ကလည်း ဘရိုက်တန်ကွင်း ခြေစမ်းပွဲမှာ ၁−၁ နဲ့ သရေကျခဲ့ပါတယ်။ ထိုပွဲမှာ ပရိသတ် ၂၅၀၀ ခန့် ကွင်းအတွင်း အားပေးခွင့်ရခဲ့ပါတယ်။
ဘရိုက်တန်ဟာ နည်းပြဂရမ်ဟမ်ပေါ်တာရဲ့ ဦးဆောင်မှုနဲ့ မနှစ်က တိုးတက်မှုအချို့ရရှိခဲ့ပါတယ်။ အဆင့် ၁၅ သာရခဲ့ပေမယ့် တန်းဆင်းဇုန်နဲ့ ၇ မှတ်ကွာပါတယ် ဘရိုက်တန်ဟာ ကိုဗစ်အလွန် ၉ ပွဲမှာလည်း ၃ ပွဲသာရှုံးခဲ့ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရင်ရုန်းကန်ရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ထိပ်ဆုံး ၄ သင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ ပွဲ ၈ ပွဲမှာ ၇ ပွဲထိ ရှုံးခဲ့ပြီး ၁ မှတ်သာ ရရှိခဲ့ပါတယ်။ အဲဒီတော့ လူစုံမပါဝင်နိုင်တဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ပွဲဟာ နှစ်သင်းစလုံးအနိုင်ရဖို့ ရုန်းကန်ကြရမဲ့ပွဲပဲဖြစ်ပါတယ်။ ဒီပွဲရဲ့ အဖြေကိုတော့ စက်တင်ဘာ ၁၄ ရက်၊ (တနင်္လာနေ့) ည ၁ : ၃၀ နာရီမှာ စောင့်ကြည့်ကြဖို့ လိုပါတယ်။
(SO)