နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဆင်မှုအားနည်းတဲ့ နှစ်သင်းဖြစ်တဲ့ ရှက်ဖီးနဲ့ ဝုဗ်တို့ ယှဉ်ပြိုင်မဲ့ပွဲပါ

စက်တင်ဘာ  ၁၃


ရှက်ဖီးဟာ မနှစ်ကတော့ တန်းဆင်းရဖို့အလွန်ရေပန်းစားခဲ့တာကို ချေဖျက်နိုင်ခဲ့ပြီး အဆင့် ၉ အထိရခဲ့ပါတယ်။ အဓိက ကစားသမားတော်တော်များများကို စာချုပ်သစ်ချုပ်ဆိုခဲ့တာမို့ မနှစ်ကအထိုင် ပျက်သွားမှာမဟုတ်ပါဘူး။ ရှက်ဖီးရဲ့အားသာချက်က ခံစစ်ပိုင်းဖြစ်ပြီး ထိပ်ဆုံး ၃ သင်းပြီးရင် ပေးဂိုး အနည်းဆုံးအသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ၃ ပွဲဆက်ရှုံးခဲ့ရာမှာ ရှက်ဖီး ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ ရှက်ဖီးဟာ မနှစ်ကနိုင်ပွဲ ၁၄ ပွဲမှာ ၁ ဂိုးအသာနဲ့နိုင်တဲ့ပွဲက ၉ ပွဲထိ ပါဝင်ခဲ့ပါတယ်။

ဝုဗ်ကတော့ နှစ်ရာသီဆက် အဆင့် ၇ ရခဲ့ပါတယ်။ ဒါပေမယ့် မနှစ်ကလို ယူရိုပါလိဂ်ဝင်ခွင့်တော့မရခဲ့ပါဘူး။ ဒါကြောင့် ပြည်တွင်းပြိုင်ပွဲတွေကိုသာ အာရုံစိုက်ယှဉ်ပြိုင်နိုင်မှာပါ။ ဝုဗ်ဟာ ပေါ်တိုတိုက်စစ်မှူး ဖာဘီယိုဆေးဗားကို အားဖြည့်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၅၉ ပွဲကစားခဲ့ရသလို သြဂုတ်  ၁၁ ရက်မှသာ ရာသီကုန်ခဲ့ရတာကြောင့် ရာသီကြိုပြင်ဆင်မှု အားနည်းနေပါတယ်။ ဝုဗ်ဟာပြီးခဲ့တဲ့ရာသီက ၂ ကျော့လုံးအနိုင်မရခဲ့ပါဘူး။ လိဂ်အိမ်ကွင်း ၇ ပွဲမှာ ၁ ပွဲသာရှုံးခဲ့တဲ့ ရှက်ဖီးအနိမ့်ဆုံးသရေတော့ ရနိုင်မှာပါ။ ဒီပွဲရဲ့အဆုံးအဖြတ်ကိုတော့ စက်တင်ဘာ ၁၄ ရက်၊ (တနင်္လာနေ့) ည ၁:၃၀ နာရီမှာ စောင့်ကြည့်ရင် သိရမှာပါ။


(SO)






အခြားဆက်စပ်သတင်းများ