နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနှင့် ဘာရိန်းနိုင်ငံတို့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် သဘောတူညီ

စက်တင်ဘာ ၇၊ ဝါရှင်တန်

အစ္စရေးနိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘာရိန်းနိုင်ငံတို့မှာ ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန်အတွက် သမိုင်းဝင်သဘောတူစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အာရပ်နိုင်ငံ အများစုက အစ္စရေးနိုင်ငံကို သပိတ်မှောက်ခဲ့ကြပြီး ပါလက်စတိုင်းပဋိပက္ခကို ဖြေရှင်းပြီးမှသာ ဆက်ဆံရေး တည်ဆောက်မည်ဟု ဆိုခဲ့သည်။

သို့သော် ပြီးခဲ့သည့်လတွင် ယူအေအီးနိုင်ငံက အစ္စရေးနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် သဘောတူညီခဲ့သည်။ ထိုစဉ်ကတည်းက ဘာရိန်းနိုင်ငံအနေဖြင့်လည်း ယူအေအီးနိုင်ငံ၏လမ်းစဉ်ကို လိုက်လိမ့်မည်ဆိုသည့် ယူဆချက်များ ထွက်ပေါ်ခဲ့သည်။ '' ရက် ၃၀ အတွင်း နောက်ထပ်အာရပ်နိုင်ငံ တစ်နိုင်ငံက အစ္စရေးနဲ့ ငြိမ်းချမ်းရေးရယူလိုက်တာပါ''ဟု ဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရန် ရည်ရွယ်၍ ပြီးခဲ့သည့်ဇန်နဝါရီလက ယင်း၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြခဲ့သည့် ဒေါ်နယ်ထရမ့်က အစ္စရေးနှင့် ယူအေအီး၊ အစ္စရေးနှင့် ဘာရိန်းနိုင်ငံများကြား ငြိမ်းချမ်းရေးသဘောတူညီမှုများ ရယူနိုင်ရန် ကြားဝင်ဆွေးနွေးပေးခဲ့ခြင်း ဖြစ်သည်။ ဘာရိန်းနိုင်ငံမှာ ယူအေအီး၊ အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့ပြီးနောက် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုသည့် စတုတ္ထမြောက် အာရပ်နိုင်ငံဖြစ်လာခဲ့သည်။ နောက်ထပ် အာရပ်နိုင်ငံတစ်နိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းအတွက် စိတ်လှုပ်ရှားမိသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။
                                                                                                                                                                                    Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ