နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အော်ရီဂွန်ပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ

စက်တင်ဘာ ၇၊ ဝါရှင်တန်

လူသောင်းချီ နေရပ်စွန့်ခွာခဲ့ရသည့် အော်ရီဂွန်ပြည်နယ်မှ တောမီးလောင်ကျွမ်းမှုများတွင် လူဒါဇင် ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက ပြောသည်။ အော်ရီ ဂွန်ပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပြီး အခြားဒေသများတွင် လူ ၁၁ ဦး သေဆုံးခဲ့သည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၂ ခု၌ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိသည်။

ဖောက်ထွင်းမှုများ ဖြစ်ပွားနေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် မီးလောင်ကျွမ်းရာဇုန်များမှ ရှောင်ရှားကြရန် ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက မေတ္တာရပ်ခံထားသည်။
အော်ရီဂွန်ပြည်နယ်တွင် နေထိုင်သူ ၄၀၀၀၀ ကို မဖြစ်မနေ ရွှေ့ပြောင်းရေးအမိန့် ထုတ်ပြန်ထားသည်ဟု ကိတ်ဘရောင်းက ပြောသည်။ '' အထူးသဖြင့် ဂျက်ဆင်၊ လိန်းနဲ့ မာရီယွန်ကောင်တီတွေမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် လူဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ ကျွန်မတို့ ပြည်နယ်ရဲတပ်ဖွဲ့က အစောပိုင်း သတင်းပေးပို့ထားပါတယ်''ဟု ယင်းက ပြောသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် တောမီးလောင်ကျွမ်းရာနေရာရှိ အိမ်များအတွင်း ဖောက်ထွင်းပြီး လုယက်ခဲ့သည်ဆိုသော အမျိုးသားနှစ်ဦးကို မာရီယွန်ကောင်တီ ရဲတပ်ဖွဲ့က ကားဖြင့် လိုက်လံဖမ်းဆီးခဲ့ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ