နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီရူးသမ္မတကို စွဲချက်တင်နိုင်ရန် လွှတ်တော်စတင်ဆောင်ရွက်

စက်တင်ဘာ ၇၊ လီမာ

အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည်ဆိုသော သမ္မတ ဗစ်ဇ်ကာရာကို စွဲချက်တင်ရေးအတွက် ပီရူးလွှတ်တော်က စတင်လုပ်ဆောင်နေပြီဖြစ်သည်။ သမ္မတ ဗစ်ဇ်ကာရာကို စွဲချက်တင်ရေး အဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၃၆ မဲဖြင့် ထောက်ခံသည့်ဘက်က အနိုင်ရခဲ့သည်။ အမှား၊ အမှန်ပိုင်းခြားချင့်ချိန်နိုင်စွမ်းမရှိဆိုသည့် အကြောင်းရင်းဖြင့် ဗစ်ဇ်ကာရာကို သမ္မတရာထူးမှ ဖယ်ရှားသင့်၊ မဖယ်ရှားသင့်ဆိုသည့်ကိစ္စကို လွှတ်တော်အမတ်များက လာမည့်ရက်သတ္တပတ်တွင် ဆွေးနွေးဖွယ်ရှိနေသည်။

အသက် ၅၇ နှစ်ရှိသည့် ဗစ်ဇ်ကာရာမှာ ပြည်သူ့ရန်ပုံငွေအလွဲသုံးစားလုပ်ပြီး အဆိုပါကိစ္စကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခံထားရသည်။ ဗစ်ဇ်ကာရာက အမှားလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆန်ထားပြီး လွှတ်တော်က နိုင်ငံရေးအာဏာသိမ်းမှုလုပ်ရန် စီစဉ်နေခြင်းဟု စွပ်စွဲခဲ့သည်။ ဗစ်ဇ်ကာရာနှင့် အစိုးရ အရာရှိများ စကားပြောခဲ့သည့် အသံမှတ်တမ်းအရ အစိုးရကို ထောက်ခံသည့် စိတ်ဓာတ်လှုံ့ဆော်ရေး စကားဝိုင်းကျင်းပရန်အတွက် လူသိနည်းသေးသည့် အဆိုတော် ရစ်ချက်ကစ်နာရော့စ်ကို ငှားရမ်းခဲ့သည့်ကိစ္စ နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖုံးကွယ်ထားရန် ယင်း၏လက်ထောက်များကို ပြောခဲ့သည်။ ကစ်နာရော့စ်မှာ အဆိုပါစကားဝိုင်းအတွက် အမေရိကန်ဒေါ်လာ ၄၉၅၀၀ ရရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
                                                                                                                                  Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ