နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 765G Chipset ပါဝင်သည့် Motorola Razr 5G စမတ်ဖုန်းကို ကြေညာ

စက်တင်ဘာ   ၁၂

Motorola က စမတ်ဖုန်းသစ် Motorola Razr 5G ကို ကြေညာလာသည်။ Motorola Razr 5G က ယမန်နှစ်ထွက် Razr ၏ခြေရာကို ဆက်ခံသည့် စမတ်ဖုန်းဖြစ်သည်။
Motorola Razr 5G ၏ အပြင်ဘက်မှာ ၂ ဒသမ ၇ လက်မ OLED 800x600px Resolution ရုပ်ထွက်ငယ်တစ်ခု ပါဝင်ပြီး Notifications များကို ပြသပေးမည်ဖြစ်သည်။ မျက်နှာပြင် ၆ ဒသမ ၂ လက်မ OLED 876x2142px Resolution သုံးထားပြီး ရုပ်ထွက်ငယ်က အလင်းပေးမှု 370 ppi ထောက်ပံ့ထားသလို ရုပ်ထွက်ကြီးက အလင်းပေးမှု 373 ppi ထောက်ပံ့ထားသည်။

Motorola Razr 5G ကို Snapdragon 765G Chipset နှင့် ပါဝါထောက်ပံ့ထားသည်။ Snapdragon 765G က Qualcomm ၏ ပါဝါအမြင့်မားဆုံး Chipset မဟုတ်သော်လည်း စွမ်းဆောင်ရည်မြင့်မားသည့် Chipset ဖြစ်ပြီး 5G ထောက်ပံ့ထားသည်။ RAM8GB နှင့် Storage 256GB လည်း ပါဝင်သည်။

ရုပ်ထွက်ငယ်မှာ Notifications အပြင် ကင်မရာ၊ မက်ဆေ့ချ်၊ ဂဏန်းပေါင်းစက်၊ Google Keep ၊ Google Home ၊ Google News ၊ YouTube တို့ကိုလည်း ထောက်ပံ့လာမှုက ထူးခြားချက်ဖြစ်သည်။

ကျောဘက်ကင်မရာ 48MP f/1.7 ဖြစ်ပြီး OIS နှင့် Laser Autofocus တို့ ထောက်ပံ့ထားကာ ရှေ့ကင်မရာက 20MP f/2.2 ဖြစ်သည်။ ဘက်ထရီ 2800 mAh ပါဝင်ပြီး 15W ဖြင့် အားသွင်းနိုင်မည်ဖြစ်ပြီး Android 10 သုံးထားသည်။

အဆိုပါဖုန်းကို Polished Graphite ၊ Liquid Mercury နှင့် Blush Gold အရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ၁၇၆၀ ဒေါ်လာ သတ်မှတ်ထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ