နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Apple က ဝန်ထမ်းများအတွက် Face Mask ထုတ်လုပ်

စက်တင်ဘာ   ၁၂

COVID-19 ကူးစက်ခြင်းကာကွယ်နိုင်ရန် Apple Design Team က ဝန်ထမ်းများအတွက် Mask များ ထုတ်လုပ်နေသည်။ Apple ကုမ္ပဏီသည် ကော်ပိုရိတ်ရုံးများနှင့် လက်လီစတိုးဝန်ထမ်းများအတွက် Apple Face Mask နှင့် Apple ClearMask တို့ကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း Apple Insider သတင်းကဖော်ပြထားသည်။

Apple Face Mask ကို iPhone နှင့် iPad စသည့် ထုတ်ကုန်များကို ဒီဇိုင်းထုတ်သည့် Apple ၏ Engineering and Industrial Design Teams က ဒီဇိုင်းဆွဲပေးထားခြင်းဖြစ်သည်။ ထို Face Mask သည် ပြင်ပအမှုန်အမွှားများကို စစ်ထုတ်ပေးမည့် အလွှာသုံးလွှာပါရှိပြီး ၅ ကြိမ်တိုင် ရေလျှော်အသုံးပြုနိုင်သည်။ လေကို ကောင်းစွာစစ်ထုတ်ပေးနိုင်မည့် ပစ္စည်းအစိတ်အပိုင်းများ အသုံးပြုထားပြီး တပ်ဆင်သူနှာခေါင်းနှင့် မေးစေ့နေရာတို့ကို ကောင်းစွာကာကွယ်နိုင်အောင် ဖန်တီးပေးထားသည်။

Apple Face Mask ကို လာမည့်နှစ်ပတ်ကစပြီး ဝန်ထမ်းများဆီ ပေးပို့သွားမည်ဖြစ်ပြီး Clear Mask  အမည်အတိုင်း ထွင်းဖောက်မြင်နိုင်သည့်ဒီဇိုင်းဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ အကြားအာရုံချို့တဲ့ သူများအတွက် ဝတ်ဆင်သူ စကားပြောသည်ကို ကြည့်ပြီး နားလည်နိုင်စေရန် Transparent ဒီဇိုင်းဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ ClearMask အတွက် Apple က ဆွံ့အ, နားမကြား ကျောင်းတစ်ခုဖြစ်သည့် ဝါရှင်တန် Gallaudet University ဖြင့်ပူးပေါင်းပြီး တီထွင်ခဲ့သည်။ ထို mask ကို Apple Store ၃ ခုရှိ ဝန်ထမ်းများဖြင့်လည်း စမ်းသပ်ထားခြင်းဖြစ်သည်။ Apple အနေဖြင့် ကိုယ်ပိုင်ထွင်းဖောက်မြင် Mask တစ်မျိုးဒီဇိုင်းထုတ်နေကြောင်း ပြောထားသည်။ COVID-19 ကပ်ကာလအတွင်း Apple သည် အမေရိကန်နိုင်ငံအတွင်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် Face Mask ပေါင်း ၁၀ သန်း ထောက်ပံ့ခဲ့ပြီး Face Shield တစ်မျိုးကိုလည်း ထုတ်လုပ်ပေးခဲ့သည်။       

(WP)






အခြားဆက်စပ်သတင်းများ