နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာဝဖြိုးအလှတိုးနေတာက ဟာဇက်၊ ဒေါသထွက်နေတာက ရီးရဲလ်

စက်တင်ဘာ  ၁၂

ရီးရဲလ်မက်ဒရစ်အသင်းကို ပြီးခဲ့တဲ့ရာသီက ရောက်လာခဲ့တဲ့အီဒင်ဟာဇက်ဟာ ရောက်ရှိချိန်မှာ ကိုယ်အလေးချိန် မြင့်တက်မှုကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ အခုလည်း ဘယ်လ်ဂျီယံအသင်းကနေ ပြန်လည် ရောက်ရှိချိန်မှာ ကိုယ်အလေးချိန်မြင့်တက်နေတာကြောင့် ရီးရဲလ်အသင်းတော်တော်ကြီးစိတ်ပျက် နေပါတယ်။ ဘယ်လ်ဂျီယံအသင်းမှာလည်း ဘောလုံးကစားဖို့ လုံလောက်တဲ့အနေအထားမရှိတာကြောင့် နည်းပြကြီး မာတီနက်ဇ်က နိုင်ငံပွဲတွေမှာ အသုံးမပြုခဲ့ပါဘူး။ ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကနေ  ယူရိုသန်း ၁၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ရီးရဲလ်အသင်းအတွက် ၁၆ ပွဲသာကစားပေးနိုင်ခဲ့ပါတယ်။ ABC သတင်းဌာနရဲ့ဖော်ပြမှုမှာတော့ အသက် ၂၉ နှစ်အရွယ်ကစားသမားတစ်ဦးရဲ့ အနေအထားက နည်းပြ ဇီဒန်းကို အံ့အားသင့်စေခဲ့ပါတယ်။ ဟာဇက်အနေနဲ့ လာမယ့်နှစ်ပတ် ဒါမှမဟုတ် ၃ ပတ်အတွင်းမှာ ပုံမှန်အနေအထားရရှိအောင် မပြုပြင်နိုင်ပါက ပွဲကစားခွင့်ဆုံးရှုံးရမှာဖြစ်ပါတယ်။

ဟာဇက်ဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့နေရာကို အစားထိုးနိုင်မယ်လို့ မျှော်လင့်ခံခဲ့ရတဲ့အထိဖြစ်ခဲ့ပေမယ့် ဟာဇက်ရဲ့ပထမရာသီမှာတော့ စိတ်ပျက် စရာကောင်းပြီး ဒဏ်ရာပြဿနာတွေနဲ့လည်း ရုန်းကန်နေရ၍ ဆိုးရွားတဲ့ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ နည်းပြကြီး ဇီဒန်းတစ်ယောက်လည်း တန်ဖိုးကြီးပေးထားရတဲ့ ကစားသမားတစ်ယောက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေပါတယ်။ ဟာဇက်ကျန်းမာ ဝဖြိုးအလှတိုးသလောက် နည်းပြဇီဒန်းကတော့ ဒေါသ တွေသာ ဖိစီးနေပါတော့တယ်။     

(SO)






အခြားဆက်စပ်သတင်းများ