နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးအသင်း ရာသီအဖွင့်နိုင်ပွဲရကာ တာထွက်ကောင်းနိုင်မယ့်ပွဲ

စက်တင်ဘာ  ၁၂

နည်းပြမော်ရင်ဟိုလက်ထက်မှာ စပါးတိုးတက်လာမှုနဲ့အတူ ပြီးခဲ့တဲ့ရာသီက အဆင့် ၆ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုက သူ့လက်ထက်မှာ ထိပ်သီး ၄ သင်း စာရင်းဝင်ဖို့ ကြိုးစားသွား မယ်လို့ဆိုပါတယ်။ စပါးဟာ ရာသီနှောင်းပိုင်းမှာ ခြေစွမ်းတည်ငြိမ်လာတာကြောင့် အိမ်ကွင်း ၄ ပွဲ ဆက်နိုင်ခဲ့ပါတယ်။ စပါးဟာ လိဂ်နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲမရှိဘဲ ၄ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။ အိမ်ကွင်း ၄ ပွဲဆက်နိုင်ရာမှာ ပေးဂိုး ၁ ဂိုးသာရှိခဲ့ပါတယ်။ စပါးဟာ အဲဗာတန်နဲ့တွေ့ဆုံတဲ့ လိဂ်နောက်ဆုံး ၁၅ ပွဲမှာလဲ ရှုံးပွဲမရှိခဲ့တဲ့ ၈ ပွဲနိုင် ၇ ပွဲသရေကျခဲ့ပါတယ်။
အဲဗာတန်အသင်းကလည်း အန်ဆလော့တီ ရာသီပြည့်စကိုင်ခွင့်ရချိန်မှာ မနှစ်ကထက် တိုးတက်ဖို့ မျှော်လင့်နေတာပါ။ ဒါပေမယ့် အဝေးကွင်းရောက်ရင် ခြေပျက်သွားတတ်တာက အဓိကအတားအဆီး ဖြစ်နေပါတယ်။ အဲဗာတန်ဟာ မနှစ်ကလိုပဲ ရစ်ချာလီဆန်၊ ကယ်ဗင်လီဝန်၊ ဗွိုင်ဆီကိန်း၊ တွမ်ဒေးဖီးစ် စတဲ့လူငယ်တွေကိုသာ အဓိကအားပြုဦးမှာပါ။ အဲဗာတန်ဟာ အဝေးကွင်း ၁၉ ပွဲမှာ ၁၁ ပွဲရှုံးခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၆ ပွဲမှာ အန်ဆယ်လော့တီက ၄ ပွဲရှုံးခဲ့ပါတယ်။ စပါးနဲ့အစဉ်အလာ အရလည်း အဲဗာတန်တို့ အရေးနိမ့်ခဲ့ပြီး ၂၀၁၂ နောက်ပိုင်း ၁၅ ပွဲဆက်မနိုင်ခဲ့ပါဘူး။ စပါးတို့ ရာသီအဖွင့်မှာ တာ ထွက်ကောင်းမကောင်းဆိုတာကို ၁၃−၉−၂၀၂၀ (တနင်္ဂနွေ) ည ၁၀: ၀၀ နာရီမှာ စောင့်ကြည့်ဖို့တော့လိုမှာပါ။

                                            (SO)






အခြားဆက်စပ်သတင်းများ