နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူနည်းပြ ဆိုးလ်ရှားက ဂရင်းဝုဒ်ကို တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းရန် ပြောကြား

စက်တင်ဘာ  ၁၂

မန်ယူအသင်းနည်းပြဆိုးလ်ရှားက အင်္ဂလန်လက်ရွေးစင်အသင်းတွင် စည်းကမ်းချိုးဖောက်ခဲ့သည့် ဂရင်းဝုဒ်ကို အသင်းသားများလေ့ကျင့်ပြီးမှသာ လေ့ကျင့်ရေးကွင်းသို့ လာရောက်၍ တစ်ဦးတည်းသီးသန့် လေ့ကျင့်ခန်းဆင်းရန် ပြောကြားခဲ့ကြောင်း သိရသည်။

မန်ယူအသင်းတိုက်စစ်မှူး ဂရင်းဝုဒ်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီးနောက် အသင်းနှင့် ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်ကစားရန် အိုက်စလန်နိုင်ငံသို့ ရောက်ရှိနေစဉ် တည်းခိုသည့်ဟိုတယ်သို့ အမျိုးသမီးဧည့်သည်ခေါ်ယူခဲ့သောကြောင့် နည်းပြဆောက်ဂိတ်က ယင်းကို ကလပ်အသင်းသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် စက်တင်ဘာ ၁၉ ရက်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် ဂရင်းဝုဒ်အနေဖြင့် ပါဝင်နိုင်ဖွယ်မရှိကြောင်း သိရသည်။    

(သူရိန်)






အခြားဆက်စပ်သတင်းများ