နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂန္တဝင်ကစားသမားများ မွေးထုတ်ပေးနေတဲ့ အေဂျက်လူငယ်စီမံကိန်း

စက်တင်ဘာ  ၁၂

အေဂျက်အသင်းရဲ့ လူငယ်အကယ်ဒမီဟာ ၁၉၇၀ ပြည့်နှစ်ကစပြီး အောင်မြင်လာခဲ့တာပါ။ ဒီအကယ်ဒမီ ကနေ ဂျိုဟန်ခရိုက်ဖ်၊ ဘားကမ့်၊ ဗန်ဒါးဆား စတဲ့ ကစားသမားတွေအပြင် ဗန်ဒီဘိစ်၊ အဲရစ်ဆင်၊ ဖရန်ကီချောင်၊ ဒီလစ်တို့လို ကမ္ဘာ့အဆင့်မီ ကစားသမားတွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အေဂျက်အသင်းဟာ ကစားသမားခေါ်ယူရာမှာလည်း မဟာဗျူဟာမြောက်ခေါ်ဆိုနိုင်ခဲ့ပါတယ်။ ငွေကြေးမဆိုစလောက်ပေးပြီး ဝယ်ခဲ့တဲ့ကစားသမားကို အဆမတန်မြင့်မားတဲ့စျေးနဲ့ ပြန်လည်ရောင်းချနိုင်ခဲ့တဲ့ထိ အောင်မြင်တဲ့ အသင်းဖြစ်ပါတယ်။ အေဂျက်ဝယ်ရောင်းလုပ်ခဲ့တဲ့ကစားသမားကတော့ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားတဲ့ ဖရန်ကီဒီဂျောင်ပဲဖြစ်ပါတယ်။ ဒီဂျောင်ဟာ အေဂျက်အရန်အသင်းမှာ တစ်ရာသီကစားပြီး ၂၀၁၆ ခုနှစ်ရောက်မှ အေဂျက်အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ၃ နှစ်အကြာမှာ ကမ္ဘာ့အဆင့်ကွင်း လယ်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ အေဂျက်က ဒီဂျောင်ကို ၁ ယူရိုနဲ့ဝယ်ပြီး ယူရို ၈၆ သန်းနဲ့ ရောင်းခဲ့တာပါ။

နောက်ထပ် အေဂျက်လူငယ်စီမံကိန်းကနေ အောင်မြင်လာခဲ့တဲ့သူက ဒွန်နီဗန်ဒီဘိခ်ပဲဖြစ်ပါတယ်။ ၂၀၁၄ မှာ အေဂျက်လူငယ်စီမံကိန်းကိုရောက်ပြီး လူငယ်အသင်းကနေ ၂၀၁၅ မှာ အသင်းကြီးမှာပါဝင် ကစားခွင့်ရခဲ့တာပါ။ အသင်းကြီးမှာ ခြေစွမ်းပြစကားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းကြီး မန်ယူနိုက်တက်အသင်းထံ ပေါင်သန်း ၄၀ နဲ့ ဗန်ဒီဘိခ်ကို ရောင်းချခဲ့ပါတယ်။ ဘန်ဒီဘိခ်ကို စတင် လေ့ကျင့်ပျိုးထောင်စဉ်က ကုန်ကျစရိတ်မရှိသလောက်ဖြင့် အကယ်ဒမီမှာ ခေါ်ယူလေ့ကျင့်ပေးခဲ့တာဖြစ်ပါ တယ်။ ခုတော့အေဂျက်တို့ ပေါင်သန်း ၄၀ အမြတ်ထွက်ခဲ့ပါပြီ။ ဒါကြောင့် အေဂျက်လူငယ်စီမံကိန်းဟာ ဂန္တဝင် ကစားသမားအများအပြားမွေးထုတ်ပေးနေတဲ့ အအောင်မြင်ဆုံးလူငယ်စီမံကိန်းတစ်ခုဖြစ်ပါတယ်။          

(SO)






အခြားဆက်စပ်သတင်းများ