နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ကွင်းပွဲဆက်ရှုံးနေတဲ့အသင်းနဲ့ အဝေးကွင်းနိုင်ပွဲပျောက်နေတဲ့ အသင်းတို့တွေ့ဆုံပွဲ

စက်တင်ဘာ  ၁၂

ပရီးမီးယားလိဂ်ပွဲစဉ်−၁ မှာ စက်တင်ဘာ ၁၃ ရက်(တနင်္ဂနွေ) ည ၇:၃၀ အချိန်၌ ဝက်စ်ဘရွန်းရဲ့အိမ်ကွင်းမှာ လက်စတာနဲ့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းဟာ ရာသီနောက်ဆုံး ၁၁ ပွဲမှာ ၃ ပွဲသာနိုင်ခဲ့ပေမယ့် တိုက်ရိုက်တန်းတက်ခွင့် ရခဲ့တဲ့အသင်းပါ။ ခရိုအေးရှားနည်းပြဟောင်း ဘီလစ်ကတော့ ဝက်စ်ဟမ်းနဲ့အတူ ပရီးမီးယားလိဂ်အတွေ့အကြုံရှိခဲ့ဖူးသူပါ။ ဘီလစ်ဟာ သူ့ကစားသမားတွေကို ယုံကြည်မှုအပြည့်ရှိတာကြောင့် အပြောင်းအလဲသိပ်မလုပ်ထားပါဘူး။ မနှစ်က ၈ ဂိုးသွင်း ၁၆ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ပါရဲရားကိုခေါ်နိုင်ခဲ့တာက အသင်းအတွက်အားတက်စရာကောင်းပါတယ်။ လိဂ်နောက်ဆုံး ၁၁ ပွဲမှာ ၃ ပွဲနိုင်ပြီး အိမ်ကွင်း ၅ ပွဲ ဆက်ရှုံးပွဲမရှိခဲ့ပါဘူး။
လက်စတာအသင်းကတော့ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ခြေချော်ခဲ့လို့ ထိပ်ဆုံး ၄ သင်း စာရင်းမဝင်ခဲ့ပါဘူး။ ဘင်ချီဝဲလ်ကို လက်လွှတ်ခဲ့ရတာကလည်း ဘယ်တောင်ပံခံစစ်အားနည်းစေမှာဖြစ်ပါတယ်။ လက်စတာဂိုး ရဖို့ကတော့ ဗာဒီကိုသာ မှီခိုရဦးမှာပဲဖြစ်ပါတယ်။ လက်စတာဟာ ပြိုင်ပွဲအသွင်နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဗာဒီဟာ ဝက်စ်ဘရွန်းကို ၈ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့ပြီး ဝက်စ်ဘရွန်းကွင်းမှာ ၃ ဂိုးသွင်းခဲ့ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ