နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Surface Go ကဲ့သို့ ဈေးနှုန်းသက်သာသည့် လက်တော့ပ်ထုတ်လုပ်ရန် Microsoft လုပ်ဆောင်

စက်တင်ဘာ   ၁၁


Microsoft က Surface Go ကဲ့သို့ ဈေးနှုန်းသက်သာသည့် ၁၂ ဒသမ ၅ လက်မ လက်တော့ပ် ထုတ်လုပ် ရောင်းချရန် လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းလက်တော့ပ်မှာ Intel ၏ 10th Gen Core i5 CPU နှင့် RAM 4GB သုံးလာမည်ဖြစ်ပြီး Storage 64GB ပါဝင်မည်ဖြစ်ပြီး Y စီးရီး Chipset ဖြစ်လာရန် သေချာနေသည်။ Microsoft က အဆိုပါလက်တော့ပ်ကို ကျောင်းသားများအတွက် အဓိက ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။

Windows 10 S Mode ပါဝင်လာမည်ဖြစ်ပြီး Microsoft Store App ပါဝင်လာမည်ဖြစ်ကာ လုံခြုံသည့် အင်တာနက်သုံးမှုပြုလုပ်နိုင်ရန် Edge သာ ထောက်ပံ့လာမည်ဖြစ်သည်။

ယင်းလက်တော့ပ်၏ ကုတ်အမည်က Sparti ဖြစ်ပြီး အောက်တိုဘာလတွင် ကြေညာလာမည်ဖြစ်သည်။ ယင်းလက်တော့ပ်က Surface Go နှင့် Surface Laptop ကြား ဗားရှင်းဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၆၀၀ အတွင်းဖြစ်လာမည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ