နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလှူဒါန ပြုကြသူငါထဲက မက်ဆီရဲ့အလှူ

စက်တင်ဘာ  ၁၁


ကပ်ရောဂါမဖြစ်ပွားခင်က လီယွန်နယ်မက်ဆီဟာ အမြင်အာရုံချို့တဲ့နေတဲ့ ကလေးငယ် ၁၂ ဦးကို အထူးပြုလုပ်ထားတဲ့မျက်မှန်တွေ လှူဒါန်းခဲ့ပါတယ်။ ဒီလိုမျက်မှန်မျိုးကို ထုတ်လုပ်ဖန်တီးနိုင်တာဟာ ဝမ်းသာ ကြည်နူးဖို့ကောင်းပါတယ်လို့ မက်ဆီက ဆိုပါတယ်။ မက်ဆီဟာ အာဆင်နယ်ပရိသတ် မျက်မမြင်ကလေး တစ်ဦးကို Orcam Technologies က ထုတ်လုပ်ထားတဲ့ စပယ်ရှယ်မျက်မှန်တစ်လက်ကို လက်ဆောင်ပေးခဲ့ ပါတယ်။ မက်ဆီဟာ အစ္စရေးကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး ကမ္ဘာတစ်ဝှမ်းက အမြင်အာရုံချို့တဲ့နေတဲ့သူတွေကိုလူတွေအာရုံစိုက်ကူညီနိုင်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း မက်ဆီဟာ အမြင်အာရုံချို့တဲ့နေတဲ့  ကလေးငယ်တွေကို ဘာစီလိုနာမြို့မှာတွေ့ဆုံပြီး Orcam My Eye မျက်မှန်ကို လက်ဆောင်ပေးလှူဒါန်းလျက် ရှိပါတယ်။ တစ်ချိန်ချိန်မှာ ဒီကလေးတွေက မက်ဆီဦးဆောင်တဲ့ Orcam My Eye Dream Team ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာမှာ သေချာပါတယ်။ 

ခုလိုလှူရတာကိုမက်ဆီက “ဖြစ်ပေါ်လာတဲ့ ခံစားမှုက ဖော်မပြနိုင်အောင်ပါဘဲ။ ကမ္ဘာတစ်လွှားက ဒီလိုလူတွေနဲ့တွေ့ဆုံပြီး သူတို့ရဲ့ပြောစကားတွေကို နားထောင်ရတာ တကယ့်ကို မယုံနိုင်စရာကောင်းပြီး စိတ်ဓာတ်ခွန်အားလည်းရရှိပါတယ်။ Dream Team မှာပါဝင်တဲ့ ဒီကလေးငယ်တွေဟာ Orcam My Eye မျက်မှန်ကို တပ်ဆင်ခွင့်ရပြီး ဒီမျက်မှန်ဟာ ဘဝပြောင်းစေနိုင်တဲ့ ပစ္စည်းလေးတစ်ခုပါ။ Orcam ရဲ့ သံတမန် တစ်ဦးဖြစ်ရတာကို ဂုဏ်ယူမိပါတယ်။ လူအများကြီးရဲ့ဘဝတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 

ကမ္ဘာတစ်ဝှမ်းက လူပေါင်းသန်း ၃၀၀ လောက်ဟာ အမြင်အာရုံချို့တဲ့မှုနဲ့ သူငယ်အိမ်စောင်းတဲ့ဝေဒနာကို ခံစားနေရတယ်လို့ ကြားသိရပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ