နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရောင်းအဝယ်ပျက်ပြယ်ခဲ့တဲ့ နယူးကာဆယ်အသင်းကို ကလပ်ဘက်က နည်းပေါင်းစုံသုံးပြီးရောင်းမယ်လို့ ကြေညာ

စက်တင်ဘာ  ၁၁


ပရီးမီးယားလိဂ်ရဲ့အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်အသင်းပိုင်ရှင်တွေဟာ ပေါင် သန်း ၃၀၀ နဲ့ ဆော်ဒီရင်းနှီးမြှပ်နှံရေး(PIF)ထံကို ရောင်းချဖို့ အဖွဲ့ချုပ်ထံတင်ပြရာမှာ ပရီးမီးယားလိဂ်အဖွဲ့က ရင်းနှီးမြှပ်နှံရေး ကုမ္ပဏီဟာ ဆော်ဒီနိုင်ငံရဲ့ အာဏာသက်ရောက်မှုရှိနေတယ်ဆိုတဲ့ ယူဆချက်၊ ပိုင်ရှင်ဖြစ်လာမယ့်သူရဲ့ အရည်အချင်းစံနှုန်းတွေကြောင့် ပယ်ချခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက်မှာ ဝယ်မယ့်ဘက်က နောက်ဆုတ် သွားခဲ့ပါတယ်။ ဒီပြဿနာတွေငြိမ်သွားခဲ့ပြီးမှ ပြန်ပြီး တစ်စခန်းထလာပါတယ်။ နယူးကာဆယ်က ပရီးမီးယား လိဂ်ဟာ သူတို့အပေါ် သင့်တော်တဲ့ဆုံးဖြတ်ချက်တွေမချမှတ်ခဲ့ဘူးလို့ စွပ်စွဲလိုက်ပါတယ်။ ရင်းနှီးမြှပ်နှံရေး(PIF)နဲ့ ဆော်ဒီအာရေးဗီးယားဟာ ဘာမှမဆိုင်ကြောင်း ဘဏ္ဍာရေး၊ ဥပဒေအကြောင်း စတာတွေနဲ့ ပြသခဲ့ပေမယ့်  ပရီးမီးယားလိဂ်ဟာ မစဉ်းစားခဲ့ဘဲ ပိုင်ရှင်စံနှုန်းဆိုတဲ့အချက်ကြောင့် ပယ်ခဲ့တဲ့အပေါ် နယူးကာဆယ်တို့က “ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာနဲ့ ပရီးမီးယားလိဂ်က အခုလိုကိစ္စနဲ့ဆက်စပ်လို့ သင့်လျော် အောင် ဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို ကလပ်ပိုင်ရှင်နဲ့ ကလပ်ဘက်က လက်မခံနိုင်ခဲ့ပါ။ ကလပ်ဘက်က ဆက်စပ်တဲ့နည်းလမ်းတွေအားလုံးသုံးပြီး အဆင်ပြေဖို့  စဉ်းစားနေပါတယ်။ PIF ဟာ ဆော်ဒီအစိုးရရဲ့ အာဏာ သက်ရောက်မှုလွတ်ကင်းတယ်ဆိုတာကို ချက်ကျလက်ကျ ရှင်းလင်းနိုင်သလို ဥပဒေအမြင်တွေနဲ့လည်း ပရီးမီးယားလိဂ်ကို ကလပ်ဘက်က တင်သွင်းခဲ့တာတောင် ခုလို အဆုံးသတ်ခံခဲ့ရတာပါ”ဆိုပြီး စာထုတ်ပြန် ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် ပရီးမီးယားလိဂ်ကတော့ ဘာမှတ်ချက်မှမပေးထားပါဘူး။ PIF ရဲ့ ရှယ်ယာ အများစုကို ဘင်ဆော်လမန်က ပိုင်ဆိုင်ထားပါတယ်။ နယူးကာဆယ်ကိုဝယ်ဖို့ ဦးဆောင်တာက PIF က အမန်ဒါစတိတ်ဗလေဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ