နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံက တရုတ်ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော်၏ ပြည်ဝင်ခွင့်ဗီဇာများကို ရုပ်သိမ်း

စက်တင်ဘာ ၁၁၊ ဝါရှင်တန်


လုံခြုံရေးဆိုင်ရာ အန္တရာယ်ပေးနိုင်ဖွယ်ရှိသည်ဆိုသော တရုတ်နိုင်ငံသား ကျောင်းသား၊ ကျောင်းသူနှင့် သုတေသီ ၁၀၀၀ ကျော်၏ ပြည်ဝင်ခွင့်ဗီဇာများကို အမေရိကန်က ရုပ်သိမ်းလိုက်သည်။ တရုတ်စစ်တပ်နှင့် ဆက်နွှယ်နေသည်ဟု ယူဆရသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ ပြီးခဲ့သည့်မေလတွင် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားအချို့မှာ အချက်အလက်နှင့် ဉာဏမူပိုင်ခွင့် ခိုးယူနေသည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။


အမေရိကန်နိုင်ငံက လူမျိုးရေးခွဲခြားမှုလုပ်နေသည်ဟု တရုတ်နိုင်ငံက စွပ်စွဲထားသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အမေရိကန်နိုင်ငံ တက္ကသိုလ်များ၌ ကျောင်းအပ်နှံခဲ့သည့် တရုတ်နိုင်ငံသား ကျောင်းသား၊ ကျောင်းသူ ၃၇၀၀၀၀ နီးပါးရှိခဲ့သည်။ ဗီဇာရုပ်သိမ်းခံရသူများမှာ လုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်သည့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သို့သော် ဗီဇာရုပ်သိမ်းခံရသူအရေအတွက်မှာ တရုတ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပမာဏ၏ အစွန်းထွက်မျှသာရှိသည်ဟု ယင်းက ဆိုသည်။ တက္ကသိုလ်ကျောင်းဝင်းအတွင်း ရန်လိုမှုများ၊ သံသယမကင်းဖြစ်မှုများ၊ ပညာသင်ကြားရသည့် အကြောင်းရင်းကို မေးမြန်းစုံစမ်းမှု စသည့် အခြေအနေများ ကြုံရသည်ဟု အမေရိကန်နိုင်ငံရှိ တရုတ်ကျောင်းသား၊ ကျောင်းသူအချို့က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ