နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းက တိုက်စစ်မှူး အူဘာမီယန်းကို သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

စက်တင်ဘာ  ၁၁


အာဆင်နယ်အသင်းက တိုက်စစ်မှူးအူဘာမီယန်းကို သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် သဘော တူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ ၂၀၂၁ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဥရောပအသင်းကြီးအချို့က ယင်းကိုခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။ သို့သော် အူဘာမီယန်းအနေဖြင့် အသင်းမှထွက်ခွာရန် နီးစပ်ခဲ့သော်လည်း အသင်းနှင့်အတူ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နည်းပြ အာတီတာနှင့် ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆို၍ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၅၀၀၀၀ အထိရရှိမည်ဖြစ်ကာ အသင်းတွင် လုပ်ခလစာဒုတိယအမြင့်ဆုံးကစားသမားဖြစ်လာမည်ဖြစ်သည်။

အူဘာမီယန်းသည် အာဆင်နယ်အသင်းတွင် ပြိုင်ပွဲစုံပွဲပေါင်း ၁၁၀ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၇၁ ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားဖြစ်သည်။                                                                     

 (သူရိန်)






အခြားဆက်စပ်သတင်းများ