နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝေးကွင်းနိုင်ပွဲနဲ့အတူ တာထွက်မယ့် အာဆင်နယ်အသင်း

စက်တင်ဘာ  ၁၁


၂၀၂၀−၂၁ ရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေကို ၁၂−၉−၂၀၂၀ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားကြတော့မှာပါ။ ပရီးမီးယားလိဂ် ပွဲစဉ်−၁ ရဲ့ ပထမဆုံးအဖွင့်ပွဲကတော့ ဖူဟမ်နဲ့အာဆင်နယ်ပွဲပဲဖြစ်ပြီး ဖူဟမ်အိမ်ကွင်းမှာ ကစားကြမှာပါ။ ဖူဟမ်ကတော့ ပရီးမီးယားလိဂ်ကို နောက်ဖေးပေါက်ကနေ တန်းတက်လာတာပါ။ စကော့ပါကားရဲ့ ဦးဆောင်မှုနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကလိုပဲတန်းပြန် မဆင်းရရေးကအဓိကပစ်မှတ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပေါင် သန်း ၁၀၀ ကျော်သုံးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ပါကားကတော့ အမှားတွေကနေ သင်ခန်းစာယူမယ်လို့ဆိုပြီး ငွေသုံးတာထက် အဓိကကစားသမားတွေကိုဆက်ထိန်းဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ဖူဟမ်ဟာ ပြီးခဲ့ရာသီချန်ပီယံရှစ်အိမ်ကွင်း ၂၃ ပွဲမှာဂိုးမရတဲ့ပွဲက ၃ ပွဲသာရှိခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားခဲ့ပါတယ်။ နည်းပြအာတီတာရဲ့ ရာသီ အပြည့် ပွဲဦးထွက်လည်းဖြစ်ပါတယ် ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက အဆင့်(၈)သာရခဲ့ပေမယ့် ရာသီကုန်ခါနီး ရလဒ်တွေ ကောင်းမွန်ခဲ့ပါတယ်။ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းဆွတ်ခူးခဲ့သလို လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးတို့ကို ဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ဖူဟမ်နဲ့တွေ့ဆုံမှု နောက်ဆုံး ၅ ပွဲဆက် အနိုင်ရခဲ့သလို အိမ်ကွင်း မှာလည်း  ၃ ပွဲဆက်အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ဟာပြီးခဲ့တဲ့ရာသီကလိဂ် အဝေးကွင်း ၁၉ ပွဲမှာ ၄ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဘူဘာမီယန်းဟာဖူဟမ်နဲ့ ၂ ပွဲသာကစားပြီး ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အာဆင်နယ် ဟာ စိတ်ဓာတ်အရကောကစားပုံပါ အမြင့်ဆုံးအဆင့်မှာရှိနေပါတယ်။ အာဆင်နယ်တို့ တာထွက်လှမလှကိုတော့ စက်တင်ဘာ ၁၂ ရက်(စနေ) ည ၆ နာရီမှာ စောင့်ကြည့်ဖို့တော့လိုပါတယ်။။


(SO)






အခြားဆက်စပ်သတင်းများ