နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုင်ဆိုင်မှုအငြင်းပွားနေသည့်နယ်စပ်တွင် နှစ်ဖက်တပ်ဖွဲ့များကို လျင်မြန်စွာ ဆုတ်ခွာခိုင်းရန် အိန္ဒိယနှင့် တရုတ် သဘောတူ

စက်တင်ဘာ ၁၁၊ ဘေဂျင်း


ပိုင်ဆိုင်မှုအငြင်းပွားနေသည့်နယ်စပ်တွင် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲသည်ဆိုသော စွပ်စွဲချက်များ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက်တပ်ဖွဲ့များကို လျင်မြန်စွာ ဆုတ်ခွာခိုင်းရန် သဘောတူညီခဲ့သည်ဟု အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ သဘောတူညီခဲ့ကြသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှုများကို ဖြေလျှော့သွားမည်ဟု ဆိုသည်။


အိန္ဒိယနှင့် တရုတ်နိုင်ငံမှ စစ်သည်များမှာ တိကျသေချာမှု အားနည်းသည့် နယ်စပ်ထိန်းချုပ်ရေးစည်း တစ်လျှောက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ယင်းတို့၏ပိုင်နက်အတွင်းသို့ ကျူးကျော်သည်ဟု  နှစ်နိုင်ငံလုံးက အပြန်အလှန်စွပ်စွဲခဲ့ကြပြီး တိုက်ခိုက်မှု များတွင် လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။


'' လက်ရှိအခြေအနေက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ အဲဒီအတွက် နှစ်ဖက်စလုံးရဲ့ နယ်စပ်စစ်သည်တွေ ဆွေးနွေးမှုလုပ်ပြီး လျင်မြန်စွာ ဆုတ်ခွာကြဖို့၊ သင့်တော်တဲ့ အကွာအဝေးတစ်ခုထားရှိပြီး တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူညီခဲ့ပါတယ်''ဟု အိန္ဒိယနိုင်ငံခြားရေးယန်ကြီး ဂျိုင်ရှန်ကာနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။


ထို့အပြင် ငြိမ်းချမ်းသာယာမှုကို ထိန်းသိမ်းစောင့်ရှောက်စေနိုင်မည့် စည်းမျဉ်းသစ်များ ချမှတ်နိုင်ရန် လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ ၁၉၆၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် သဘောတူညီမှုအရ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်တစ်လျှောက် သေနတ်အသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားသည်။


သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်ဆံရေး အခြေအနေ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အိန္ဒိယစစ်သည်များက နယ်စပ်ဖြတ်ကျော်ကာ ကင်းလှည့်နေသည့် တရုတ်စစ်သည်များကို ကျူးကျော်ရန်စသည့် ခြောက်လှန့်ပစ်ခတ်မှုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် တရုတ်နိုင်ငံက စွပ်စွဲခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံက စွပ်စွဲမှုကို ပယ်ချခဲ့ပြီး တရုတ်နယ်ခြားစောင့်တပ်ဖွဲ့က လေထဲသို့ သေနတ်ပစ်ဖောက်ခဲ့ခြင်းဟု စွပ်စွဲခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ