နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန်းတက်အသင်းနဲ့ အိမ်ကွင်းပွဲဆို ဂိုးပြတ်နိုင်လေ့ရှိတဲ့ လီဗာပူး

စက်တင်ဘာ  ၁၁


လီဗာပူးကတော့ ပထမဆုံးချန်ပီယံကာကွယ်ပွဲမှာချန်ပီယံရှစ်ရဲ့ ချန်ပီယံ လိဒ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။ ယမန်နှစ်က အဖွင့်ပွဲမှာလည်း လိဒ်လိုပဲ တန်းတက်အသင်း နော်ဝစ်ချ်နဲ့ တွေ့ဆုံခဲ့ရာမှာ ဂိုးပြတ်နဲ့နိုင်ခဲ့သလို ရာသီအဖွင့် ၂၇ ပွဲမှာ ၂၆ ပွဲနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ အသင်းမှာ လိုဗရန်နဲ့ လယ်လာနာတို့မရှိတာကလွဲရင် လီဗာပူးရဲ့စုဖွဲ့မှုကအရင်အတိုင်းပါပဲ။ ဆာလက်၊ မာနေး၊ ဖာဘင်ဟို၊ ကီတာ၊ အယ်လစ်ဆန်တို့ နိုင်ငံတကာပွဲ မကစားခဲ့ရတာလည်း လီဗာပူးရဲ့အားသာချက်တစ်ခုဖြစ်နေပါတယ်။ လိဒ်ရဲ့ နောက်ဆုံး ၇ ပွဲမှာလည်း လီဗာပူးက  ၆ ပွဲနိုင်ထားပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီအဖွင့်မှာ ၈ ပွဲဆက်နိုင်ခဲ့ရာဂိုး ၂၀ သွင်းနိုင်ခဲ့ပါတယ်။

လိဒ်ကတော့  ၁၆ နှစ်ကြာပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တာပါ။ လိဒ်ဟာ ဒုတိယနေရာက ဝက်ဘရွန်းအသင်းကို ၁၀ မှတ်ဖြတ်ပြီး ဗိုလ်စွဲခဲ့တဲ့အသင်းပါ။ လိဒ်ဟာ နောက်ဆုံး ၁၅ ပွဲမှာ ၁ ပွဲသာရှုံးခဲ့ပြီး ဂိုးမပေးရတဲ့ပွဲ ၁၀ ပွဲထိရှိခဲ့ပါတယ်။ ချန်ပီယံရှစ်မှာ လိဒ်ဟာ ပြိုင်ဘက်ကင်းအသင်းတစ်သင်းဖြစ်ပါတယ်။ လီဗာပူးနဲ့နှိုင်းယှဉ်ရင်တော့ အဆင့်ချင်းကွာပါတယ်။ လိဒ်အတွက် အားကိုးစရာက နည်းပြကြီး ဘီလ်ရဲလ်ဆာပါ။ လီဗာပူးမှာက ဟန်ဒါဆန်နဲ့ ချိန်ဗာလိန်ကလွဲရင် ဒဏ်ရာကင်းစင်နေပါတယ်။ အားသာချက်များတဲ့ လီဗာပူးတို့ အနိုင်ရဖို့ အခွင့်အရေးများပါတယ်။ ဒီနှစ်သင်းရဲ့အဖြေကိုတော့ စက်တင်ဘာ ၁၂ ရက်(စနေ) ည ၁၁ နာရီမှာ စောင့်ကြည့်ရင် သိရမှာပါ။


(SO)






အခြားဆက်စပ်သတင်းများ