နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် အသက် ၈၆ နှစ်အရွယ် အဘွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

စက်တင်ဘာ ၁၀၊ နယူးဒေလီ


အသက် ၈၆ နှစ်အရွယ် အဘွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရသည့်ဖြစ်ရပ်အတွက် အိန္ဒိယပြည်သူများ တုန်လှုပ်ချောက်ချားနေကြပြီး နယူးဒေလီမြို့ ရဲတပ်ဖွဲ့က အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။


'' ပြီးခဲ့တဲ့တနင်္လာနေ့ညနေက အိမ်အပြင်ထွက်ပြီး နွားနို့လာပို့တဲ့သူကို စောင့်နေတုန်း အဘွားအိုအနားကို ကျူးလွန်သူက ကပ်လာခဲ့တာပါ။ နွားနို့ပို့နေကြလူ မလာသေးဘူးလို့ အဘွားအိုက သူ့ကို ပြောပြချိန်မှာ အဲဒီသူက နွားနို့ရမယ့်နေရာရှိတယ်လို့ အဘွားအိုကို ပြောခဲ့တာပါ''ဟု နယူးဒေလီမြို့ အမျိုးသမီးရေးရာကော်မရှင် အကြီးအကဲ ဆွာတီက ပြောသည်။


ထို့နောက်တွင် ကျူးလွန်သူက အဘွားအိုကို အနီးနားရှိ လယ်ကွင်းထဲသို့ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ''သူ့ကို ချမ်းသာပေးဖို့ အဘွားအိုက ငိုယိုတောင်းပန်ခဲ့ပါတယ်။ ငါက မင်းရဲ့အဘွားအရွယ်လောက် ရှိနေပါပြီလို့ အဘွားအိုက ပြောခဲ့ပေမဲ့ အဲဒီသူကတော့ တောင်းပန်တိုးလျှိုးနေတာတွေကို ဂရုမစိုက်ဘဲ ရုန်းကန်၊ ခုခံနေတဲ့ အဘွားအိုကို အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ခဲ့တာပါ''ဟု ဆွာတီက ပြောသည်။ အဆိုပါနေရာမှ ဖြတ်သန်းသွားလာသည့် ရွာသားများက အဘွားအို၏ ငိုသံကြားရ၍ ယင်းကို ကယ်တင်နိုင်ခဲ့ပြီး ကျူးလွန်သူကို ရဲလက်အပ်ခဲ့သည်။


အဆိုပါဖြစ်ရပ်တွင် လူမဆန်သည့် ကျူးလွန်သူကို သေဒဏ်ချမှတ်ပေးရန် ဆွာတီက တောင်းဆိုထားသည်။ အိန္ဒိယနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း အဓမ္မပြုကျင့်မှု သောင်းချီဖြစ်ပွားလေ့ရှိပြီး အချို့ဖြစ်ရပ်များမှာ နိုင်ငံတကာအထိ တုန်လှုပ်ချောက်ချားစရာဖြစ်ခဲ့သည်။ အမျိုးသားမှုခင်းမှတ်တမ်းဗျူရို၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် အဓမ္မပြုကျင့်မှု ၃၃၉၇၇ မှု ဖြစ်ပွားခဲ့ရာ ၁၅ မိနစ်လျှင် အဓမ္မပြုကျင့်မှု တစ်ကြိမ်ဖြစ်ပွားသည့်နှုန်း ဖြစ်သည်။


သို့သော် အဓမ္မပြုကျင့်မှုအများအပြားကို သတင်းပေးပို့ခြင်းမရှိသည့်အတွက် အမှန်တကယ် ဖြစ်ပွားသည့် အဓမ္မပြုကျင့်မှုအရေအတွက် ပိုများသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ