နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကြောင့် ခရီးသွားလုပ်ငန်းများ လိုင်စင်ကြေးပေးသွင်းမှုတစ်နှစ်တာ ကင်းလွတ်ခွင့်ရရှိ

ရန်ကုန် ဧပြီ ၂၃ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများလိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို Covid-19 ဖြစ်ပွားနေသည့်ကာလကြောင့် တစ်နှစ်တာကာလအထိ ကင်းလွတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ကင်းလွတ်ခွင့်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ စတင်လိုက်ခြင်းဖြစ်ကာ လာမည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက် ကာလအထိ တိုးမြှင့်ပေးထားပြီး အဓိကအကြောင်းအချက်မှာ COVID – 19 ဗိုင်းရပ်စ်ကြောင့် ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေ ၂၀၁၈ နဲ့အညီ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဒေသအလိုက် ခရီး သွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းတွေကို လိုင်စင်ကြေးနဲ့ အသစ်လဲလှယ်ကြေးတွေကို ကောက်ခံနေတာတွေရှိပါတယ်။ လက်ရှိ ရောဂါပိုး အခြေအနေကြောင့် တစ်နှစ်ကင်းလွတ်ခွင့် ပေးလိုက်တာဖြစ်တယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် COVID – 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများကို ၉၉ ရာခိုင်နှုန်းမျှ ရပ်နားထားရသည့်အတွက် ထိခိုက်မှုများရှိနေသည်ကို တွေ့မြင်ရပြီး ယင်းအချက် ကြောင့်ပင် တစ်နှစ်တာ ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID – 19 ပိုးတွေ့ရှိသူ ၁၂၇ ဦးရှိနေပြီဖြစ်ကာ သေဆုံးသူ ၅ ဦးရှိပြီး ပြန်လည် သက်သာသူ ၉ ဦးမျှရှိနေခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေးမှာ အဘက်ဘက်က ထိခိုက်နစ်နာမှုများရှိနေကြောင်း စီးပွားရေးပညာရှင်အချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ