နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ကျန်းမာရေးပြဿနာရှိနေသည့် ကလေးငယ်ကို ရဲတပ်ဖွဲ့က အချက်ပေါင်းများစွာ ပစ်ခတ်ဖမ်းဆီး

စက်တင်ဘာ ၁၀၊ ဝါရှင်တန်


သားဖြစ်သူ၏ စိတ်ကျန်းမာရေးပြဿနာအတွက် မိခင်က ၉၁၁ သို့ ဖုန်းဆက် အကူအညီတောင်းခံ ခဲ့ပြီးနောက် ယူတားပြည်နယ်ရှိ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကို ရဲအရာရှိများက အချက်ပေါင်းများစွာ ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။ လင်ဒင်ကင်မရွန်းဟု အမည်ရသည့် ကလေးငယ်မှာ အော်တစ်ဇင်ပုံစံတစ်မျိုးဖြစ်သည့် အက်စပါဂါ(Asperger's)ဆင်ဒရုန်း ခံစားနေရသူဖြစ်ပြီး ဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ယင်း၏မိခင်က ပြောသည်။


ဂိုဒါဘာတန်သည် သားဖြစ်သူကို ထိန်းချုပ်ပြီး  ဆေးရုံပို့ဆောင်ရန်အတွက် ၉၁၁ ထံ ဖုန်းဆက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က တတ်နိုင်သမျှ အညင်သာဆုံး ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ဂိုဒါဘာတန်သည် တစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အလုပ်ပြန်ဆင်းခဲ့ရာ သားဖြစ်သူ လင်ဒင်ကင်မရွန်းက မိခင်နှင့် ခွဲခွာရမည့်ကို စိုးရိမ်ပူပန်ပြီး စိတ်ကျန်းမာရေး ဆိုးရွားလာခြင်းဖြစ်သည်။


စိတ်ကျန်းမာရေးပြဿနာရှိနေသူတစ်ဦးကို ထိန်းချုပ်ပေးရန် ဖုန်းဆက်အကြောင်းကြားမှု ရရှိ၍ ရဲတပ်ဖွဲ့က သွားခဲ့ကြောင်း၊ လူငယ်လေးတစ်ဦးက လက်နက်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ လူငယ်လေးက လက်နက်ကိုင်ထားသည့် အရိပ်အယောင် မရှိကြောင်း၊ သို့သော် ထွက်ပြေးရန် ကြိုးပမ်းချိန်တွင် ရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့၏ တပ်ကြပ်ကြီး ဟော်ရော့ခ်က ပြောသည်။


၂၀၁၅ ခုနှစ်နောက်ပိုင်း အမေရိကန်ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် စိတ်ကျန်းမာရေးပြဿနာရှိသူ ၁၂၅၄ ယောက် သေဆုံးခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာ၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ယင်းပမာဏမှာ အဆိုပါကာလအတွင်း အမေရိကန် နိုင်ငံတစ်ဝန်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသူအရေအတွက်၏ ၂၂ ရာခိုင်နှုန်းရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ