နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရတ်ရှိ အမေရိကန်စစ်သည် ၃ ပုံ၊ ၁ ပုံကို ဆုတ်ခွာခိုင်းမည်ဟု ဆို

စက်တင်ဘာ ၁၀၊ ဘဂ္ဂဒက်


လာမည့်ရက်သတ္တပတ်များအတွင်း အီရတ်နိုင်ငံရှိ အမေရိကန်စစ်သည် သုံးပုံ၊ တစ်ပုံကျော်ကို ဆုတ်ခွာခိုင်းမည်ဟု အမေရိကန်စစ်တပ်၏ အရှေ့အလယ်ပိုင်းတပ်ဖွဲ့ ထိပ်တန်းတပ်မှူးက ပြောသည်။ စက်တင်ဘာလအတွင်း အီရတ်နိုင်ငံရှိ အမေရိကန်စစ်သည်ပမာဏကို ၅၂၀၀ မှ ၃၀၀၀ အထိ လျှော့ချသွားမည်ဟု ဗိုလ်ချုပ်ကြီး မက်ကင်ဇီက သတင်းထောက်များကို ပြောသည်။


အီရတ်နိုင်ငံတွင် ကျန်ရှိသည့် စစ်သည်များအနေဖြင့် IS အဖွဲ့ အကြွင်းအကျန်များကို ရှင်းလင်းဖယ်ရှားမည့် အီရတ်လုံခြုံရေးတပ်ဖွဲ့များကို အကြံပေး၊ ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ အီရတ်နိုင်ငံရှိ စစ်သည်အားလုံးကို တတ်နိုင်သမျှ အစောဆုံးထားပြီး ဆုတ်ခွာခိုင်းရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းအတည်ပြုခဲ့သည်။


အမေရိကန်နိုင်ငံကို အဆုံးမရှိသည့် စစ်ပွဲများနှင့်ပတ်သက်ဆက်နွှယ်မှုမှ ဖယ်ရှားပေးမည်ဆိုသည့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ကတိကို အကောင်အထည်ဖော်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်က အီရတ်ရှိ တပ်ဖွဲ့ဝင်အင်အားကို လျှော့ချမည်ကို ခန့်မှန်းခဲ့ကြသည်။ ပြီးခဲ့သည့်ဇန်နဝါရီလတွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီကို အမေရိကန်နိုင်ငံက မောင်းသူမဲ့ယာဉ်ဖြင့် လုပ်ကြံခဲ့ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့များ ရှိနေခြင်းမှာ အီရတ်နိုင်ငံအတွက် အဓိကအကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ