စက်တင်ဘာ ၁၀
Apple က ယခု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြုလုပ်မည့် အထူးပွဲတစ်ခုကျင်းပမယ့်ရက်ကို တရားဝင် ကြေညာထားသည်။
Apple ၏ မားကတ်တင်းဌာန အကြီးတန်းဒုဥက္ကဋ္ဌဖြစ်သူ ဂရက်ဂျော့စ်ဝိတ်ခ်က Twitter တွင် စက်တင်ဘာ ၁၅ ရက်ပွဲ ကျင်းပမည့်အကြောင်းကို ပြောပြထားသည်။
အွန်လိုင်းပွဲတစ်ခုအနေဖြင့် ကျင်းပသွားမည့် အဆိုပါပွဲတွင် iPhone 12 သစ်များအစား Apple Watch သစ်နှင့် iPad တို့ကိုမိတ်ဆက်သွားမည်ဖြစ်ကြောင်း Bloomberg သတင်းက ခန့်မှန်းထားသည်။ စက်တင်ဘာ ၁၅ ရက် Apple Event တွင် Apple Watch Series 6 သစ်နှင့် တန်ဖိုးနည်းပြီး update ပြုလုပ်ထားသည့် Apple Watch Series 3 နာရီသစ်နှစ်မျိုးကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ high-end နှင့် low-end Apple Watch နာရီသစ်နှစ်မျိုးအပြင် Edge-to-Edge screen ဖြင့်ထွက်ရှိလာသည့် iPad Air သစ်လည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ထို iPad Air 4 သစ်တွင် ပါဝါခလုတ်အတွင်း Touch ID Authentication စနစ်ကို ပထမဆုံး အသုံးပြုသွားမည်ဖြစ်ပြီး iPhone 12 တို့ကို အောက်တိုဘာလမှ မိတ်ဆက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
တစ်မူထူးခြားသည့် ဖန်တီးမှုများဖြင့် ထုတ်လုပ်ထားသည့် ios phone ဖုန်းများကို သုံးစွဲသူများ အကြိုက်တွေ့စေမည်ဖြစ်သည်။ Apple Event ပွဲအကြောင်း တရားဝင်ကြေညာမည့်ရက်ကို စက်တင်ဘာ ၁၅ ရက်တွင် ပစိဖိတ်ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(WP)