နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ECG စနစ် ထည့်သွင်းထားသည့် စမတ်တီရှပ်သစ်ကို Xiaomi ထုတ်လုပ်

စက်တင်ဘာ   ၁၀


မြန်မာငွေ ၆ သောင်းဝန်းကျင် ကျသင့်မည့် စမတ်တီရှပ်သစ်တစ်မျိုးကို Xiaomi က ကြေညာလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက နည်းပညာထုတ်ကုန်သစ်တစ်မျိုးအတွက် လူများစွာမှ ရန်ပုံငွေများရယူသည့် Crowdfunding ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ရာ အဆိုပါ ကမ်ပိန်းမှ Mijia Sports ECG T-Shirts ကို ကြေညာခဲ့သည်။ ECG နည်းပညာထည့်သွင်းထားပြီး ဝတ်ဆင်သူ၏နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်မည့် တီရှပ်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။  ရင်ဘတ်အလယ်နေရာတွင် ECG Module တစ်ခုပါရှိပြီး လူ့နှလုံးခုန်နှုန်း မှထွက်ရှိလာသည့် Micro signal များကို ဖမ်းယူပေးကာ အဆိုပါ signal အချက်ပြများကို COTECH Sensor fiber များမှ တိုက်ရိုက်ဖမ်းယူခြင်းဖြစ်သည်။ 

အဆိုပါနည်းဖြင့် အချက်အလက်ရယူခြင်းသည် ပုံမှန် optical sensor များထက် ပိုမိုတိကျမှုရှိသည့်အပြင် နောက်တစ်ချက်အနေဖြင့် အဆိုပါ Mijia Sports ECG T-Shirt သည် တစ်စက္ကန့်လျှင် အကြိမ် ၂၅၀ နှုန်း Sampling rate နှင့်အတူ စက္ကန့် ၆၀ တစ်ခါ Real Time ဒေတာများကို မှတ်တမ်းတင်ပေးသည်။

ECG Module တွင် LED indicator တစ်ခုပါရှိပြီး နှလုံးခုန်နှုန်းပုံစံများပြသပေးရုံသာမက မိမိပြုလုပ်နေသည့်  အားကစားပုံစံပေါ်လိုက်ပြီး မတူညီသည့်အခြေအနေများတွင် ကွဲပြားမှုပုံစံတို့ကိုလည်း ပြသပေးသည်။ အဆိုပါတီရှပ်သည် ဆွဲဆန့်မှုဒဏ်ခံနိုင်ပြီး အားကစားလုပ်ချိန်လှုပ်ရှားမှုများကို အထောက်အကူပြုနိုင်ရန် Lightweight ထုတ်ထားပေးသည်။ အဆိုပါတီရှပ်ကို လျှော်ဖွပ်ချိန်တွင် ECG Sensor ကို ဖြုတ်ထားနိုင်သည်။ Crowdfunding ကမ်ပိန်းတွင် ၂၄၉ ယွမ် (မြန်မာငွေ ၄ သောင်း ၉ ထောင်ခန့်) ဈေးဖြင့် ရောင်းချပေးခဲ့ပြီး ကမ်ပိန်းအပြီးတွင် ယွမ် ၃၀၀ (မြန်မာငွေ ၅ သောင်း ၈ ထောင်ကျော်) ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 


(WP)






အခြားဆက်စပ်သတင်းများ