နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှို့ဝှက်လွှတ်တင်ခဲ့သည့် တရုတ်နိုင်ငံ၏ အာကာသယာဉ်ခရီးစဉ် အောင်မြင်မှုရဟု ဆို

စက်တင်ဘာ ၁၀၊ ဘေဂျင်း


စက်တင်ဘာလ ၄ ရက်က တရုတ်နိုင်ငံမြောက်ပိုင်း ကျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ  Long March 2F ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည့် အာကာသယာဉ်မှာ ကမ္ဘာပတ်လမ်းအတွင်း ၂ ရက်ကြာမြင့်ခဲ့ပြီးနောက် ကမ္ဘာမြေသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။ စမ်းသပ်ရေးအာကာသယာဉ်ကို လျှို့ဝှက်လွှတ်တင်မှု အောင်မြင်ခဲ့သည်ဟု တရုတ်နိုင်ငံက ပြောခဲ့ပြီးနောက် အဆိုပါယာဉ်က မည်သည့် စမ်းသပ်မှုလုပ်နိုင်သနည်း၊ အာကာသအတွင်း ဘာလုပ်ခဲ့သည်ဆိုခြင်းကို သိရရန် ကြိုးပမ်းလျက်ရှိသည်။


''ပြန်လည်အသုံးပြုနိုင်တဲ့ အာကာသယာဉ်သုတေသနမှာ အရေးကြီးတဲ့ တိုးတက်မှုရရှိခဲ့ပြီဆိုတာ အခုပျံသန်းမှုက ဖော်ပြနေပါတယ်။ အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် သက်သောင့်သက်သာရှိပြီး ကုန်ကျစရိတ်နည်းတဲ့ အသွားအပြန်ခရီးတွေ ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်''ဟု စက်တင်ဘာလ ၆ ရက်တွင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။


သို့သော် အဆိုပါအာကာသယာဉ် ပျံသန်းမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် အနည်းအကျဉ်းသာ ထုတ်ပြန်ထားပြီး ရုပ်သံမှတ်တမ်းများလည်း ဖော်ပြခြင်းမရှိပေ။ ထို့အပြင် အဆိုပါအာကာသယာဉ်ကို လွှတ်တင်ခဲ့သည့်အချိန်၊ ဆင်းသက်ခဲ့သည့်အချိန်၊ ဆင်းသက်ရာနေရာတို့ကိုလည်း ဖော်ပြခြင်းမရှိပေ။


သို့သော် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တာကလာမာကန်သဲကန္တာရတွင် ဆင်းသက်ဖွယ်ရှိသည်ဟု ယူဆထားကြသည်။ '' ဒီလွှတ်တင်မှုမှာ လုပ်ဆောင်မှုအသစ်တွေ တော်တော်များများ ပါပါတယ်။ အာကာသယာဉ်က အသစ်ပါ။ လွှတ်တင်တဲ့နည်းလမ်းကလည်း ထူးခြားပါတယ်။ အဲဒါကြောင့် လုံခြုံရေး ထပ်တိုးချမှတ်ထားတာပါ''ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက South China Morning Post သတင်းဌာနသို့ ပြောသည်။


အာကာသယာဉ် လွှတ်တင်မှုကို လာရောက်ကြည့်ရှုသူများနှင့် ဝန်ထမ်းများအနေဖြင့် ရုပ်သံမှတ်တမ်း ရိုက်ကူးခြင်းမပြုရန်၊ အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုမလုပ်ရန် တားမြစ်ထားသည့် တရားဝင်ထုတ်ပြန်ချက်တစ်စောင်မှာလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ