နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန် ဒု-သမ္မတ(၁)ကို ပစ်မှတ်ထားသည့် ဗုံးဖောက်ခွဲမှုတွင် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

စက်တင်ဘာ ၁၀၊ ကာဘူးလ်


အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့တွင် ဒုတိယသမ္မတ(၁) အမ်ရူလာဆာလာကို ပစ်မှတ်ထား သည့် လမ်းဘေးဗုံးထောင် ဖောက်ခွဲမှုတွင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်။ အာဖဂန်နစ္စတန် ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း အမ်ရူလာဆာလာမှာ မျက်နှာနှင့်လက်တွင် လောင်ကျွမ်းဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ အရာရှိများနှင့် တာလီဘန်အဖွဲ့က ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးမှုလုပ်ရန် ပြင်ဆင်နေချိန်တွင် ဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။


အဆိုပါပေါက်ကွဲမှုမှာ ယင်းတို့အဖွဲ့၏ လက်ချက်မဟုတ်ကြောင်း တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ အမ်ရူလာဆာလာ ရုံးသွားချိန်တွင် ယင်း၏ယာဉ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်နစ္စတန်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တာရက်အာရိန်းက ဆိုသည်။


ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါနေရာတွင် နေထိုင်သည့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး အမ်ရူလာဆာလာ၏ သက်တော်စောင့်တစ်ဦးအပါအဝင် လူ ၁၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။


အမ်ရူလာဆာလာမှာ တာလီဘန်အဖွဲ့ကို ခါးခါးသီးသီး ဆန့်ကျင်သူဖြစ်ပြီး ယခင်ကလည်း လုပ်ကြံရန်ကြိုးပမ်းမှုများမှ အသက်ရှင်လွတ်မြောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က လုပ်ကြံမှုတစ်ရပ်တွင် ယင်း၏ရုံးခန်းမှ လူ ၂၀ ဦး သေဆုံးခဲ့သည်။ သို့သော် ယင်းအနေဖြင့် နိုင်ငံရေးကိစ္စရပ်များ ဆက်လုပ်သွားမည်ဟု ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုအပြီး အမ်ရူလာဆာလာက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ