နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 အခြေအနေကြောင့် ဇွန်လဆန်းကျောင်းဖွင့်ရန် အတိအကျမသတ်မှတ်နိုင်

ရန်ကုန် ဧပြီ ၂၃ ပုံမှန်ဇွန်လဆန်းတွင် ဖွင့်လှစ်နေသည့် အခြေခံပညာအတန်းများကို COVID-19 ရောဂါအခြေအနေကြောင့် ကျောင်းဖွင့်ချိန် တိတိကျကျ သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဧပြီလ ၂၆ ရက်တွင် ကြေညာရန် စီစဉ်ထားသည့် အခြေခံပညာအတန်းအောင်စာရင်း များကိုလည်း COVID-19 ရောဂါအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ “အောင်စာရင်းထုတ်ပြန်တာရော၊ ကျောင်းဖွင့်ချိန်ရော ဘယ်တော့လောက်ဖြစ်မလဲပြောဖို့ဆိုတာ ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ အခြေအနေတွေအားလုံးတည်ငြိမ်သွားရင်တော့ ပုံမှန်ဖွင့်နိုင်မှာပါ။ ရောဂါဖြစ်ပွားမှုပိုဆိုးလာရင်တော့ ဖွင့်ဖို့ခက်ခဲနိုင်ပါတယ်။ နိုင်ငံတော်ညွှန်ကြားချက်ကို စောင့်ရမှာပေါ့” ဟု ဦးကိုလေးဝင်းက ပြောသည်။ ထို့အပြင် ယခုလက်ရှိတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးရမည့် ကိစ္စများကို လည်း ရပ်နားထားခြင်းကြောင့် တက္ကသိုလ်ဝင်အောင်စာရင်းများကိုလည်း ဇွန်လဆန်းတွင် ထုတ်ပေး ရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျောင်း ပိတ်ရက်ကာလအတွင်း အခြေခံဆရာ၊ ဆရာမ သိန်းကျော်တက်ရောက်ရမည့် သင်ရိုးသစ်သင်တန်းများကို လည်း လက်ရှိအချိန်တွင် ယာယီရပ်နားထားရကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်က COVID-19 ရောဂါပိုး ရှိသူ နှစ်ဦးကို စတင်တွေ့ရှိခဲ့ပြီးသည့်နောက် တက္ကသိုလ်အသီးသီးတွင် ဖြေဆိုနေသည့် တက္ကသိုလ်စာမေးပွဲများကိုလည်း ရက်အကန့်အသတ်မရှိ ယာယီရပ်နားလိုက်ကြောင်း ကြေညာခဲ့သည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ