နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဖွင့်ပွဲစဉ်အတွက် ခေါင်းခဲနေရတဲ့ ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်

စက်တင်ဘာ  ၁၀


PSG အသင်းရဲ့ ကစားသမားတော်တော်များများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပါတယ်။ PSG အသင်းရဲ့ အဓိကကစားသမားအပါအဝင် ၇ ဦး ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် သီးခြားခွဲနေနေရပါတယ်။ PSG ဟာ လီဂူးဝမ်းပွဲစဉ်အဖြစ် လန်းစ်အသင်းနဲ့ ပထမဆုံးအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။ ဒီပွဲမှာ ဗိုင်းရပ်စ်ကူးစက် ခံထားရတဲ့သူတွေမပါဝင်ဘဲ ကစားရမှာပါ။ ပြင်သစ်အသင်းမှာ ပါဝင်ကစားနေတဲ့ အမ်ဘာပေလည်း ဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် ကစားသမား ၈ ဦးထိ လန်းစ်နဲ့ပွဲ၊  စနေမှာကစားမယ့် မာဆေးအသင်းတို့နဲ့ပွဲစဉ်တွေကို ဒီကစားသမားတွေ လွဲချော်မှာဖြစ်တာကြောင့် အားကစားဒါရိုက်တာ လီယိုနာဒို စိတ်ပျက်လျက်ရှိနေပါတယ်။ 

လီယိုနာဒိုက “ကျွန်တော်တို့ကစားသမားတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရတာကို လက်မခံချင်ပါဘူး။အသင်းနဲ့ အဆက်အဆံမလုပ်ဖို့ တားမြစ်ထားတာက လေးစားမှုမရှိရာရောက်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနေသလိုပါပဲ။ ဒါက လက်မခံနိုင်စရာပါ”လို့ ပြောခဲ့ပါတယ်။ 

အခြား ပြင်သစ်အသင်းတွေက ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ PSG ကတော့ ချန်ပီယံလိဂ် ဖိုင်နယ်ကစားခဲ့ရတာကြောင့် ပြင်ဆင်ချိန်နည်းခဲ့ပါတယ်။ ကစားသမားတွေ ဗိုင်းရပ်စ်ကူးစက်ခံရနေတာကြောင့်  နည်းပြတူချယ်မှာလည်း အခက်ကြုံနေရပါတယ်။ နောက် ၂ ရက် အကြာမှာပဲအီကာဒီ၊ နားဗက်စ်နဲ့ မာလွင်ဟိုတို့ ကူးစက်ခံခဲ့ရပါတယ်။ ဒီကစားသမား ၇ ယောက်ဟာ လန်းစ်အသင်းနဲ့ကစားမယ့်ပွဲကို လွဲချော်မှာပါ။ နည်းပြကြီး က မာလွင်ဟိုရဲ့နေရာမှာ ဆာဂျီယိုရစ်ကိုကို အသုံးပြုသွားဖွယ်ရှိပါတယ်။ တိုက်စစ်မှာ ဒရက်ဇလာ၊ ဆာရာဘီးယားနဲ့ ချူပိုမိုတင်းတို့ကို အသုံးပြုဖွယ်ရှိပါတယ်။ PSG ဟာ ဂူအိုင်းနဲ့ ဒရက်ဇလာတို့ကို ရောင်းချပြီး ပေါင် ၅၄ သန်း ရှာဖွေဖို့ ကြိုးစားနေပါတယ်။ အဓိက ကစားသမားတွေ ဗိုင်းရပ်စ်ကူးစက်ခံနေရတာကြောင့် ပွဲထွက်မယ့် ကစားသမားအတွက် နည်းပြကြီးတူချယ်တစ်ယောက် အလွန်ခေါင်းခဲနေရတာအမှန်ပါပဲ။


(SO)






အခြားဆက်စပ်သတင်းများ