နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PGA Tour ၏ တစ်နှစ်တာအကောင်းဆုံး အမေရိကန်ဂေါက်သီးရိုက်ကစားသမားဆုကို ဂျက်စတင်သောမတ်စ်ရရှိ

စက်တင်ဘာ  ၁၀


PGA Tour ၏ တစ်နှစ်တာအကောင်းဆုံးအမေရိကန်ဂေါက်သီးရိုက်ကစားသမားဆုကို ဂျက်စတင်သောမတ်စ်  က ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အဆင့်(၁)ဂေါက်သီးရိုက်ကစားသမား ဒက်စတင်းဂျွန်ဆင်သည် ယခုနှစ်အတွင်း အောင်မြင်မှုများစွာ ရရှိထားသော်လည်း ဂျက်စတင်သောမတ်စ်က ယင်းကိုကျော်ဖြတ်ကာ PGA Tour ၏ တစ်နှစ်တာအကောင်းဆုံး အမေရိကန်ဂေါက်သီးရိုက်ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုကိုရွေးချယ်ရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ဂေါက်သီးရိုက်ရာသီအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမေရိကန်ကစားသမားများ ရရှိသည့် ရမှတ်အပေါ် မူတည်ကာ ရမှတ်စုစုပေါင်းဖြင့် အဆင့်သတ်မှတ်ခြင်းဖြစ်ပြီး ဂျက်စတင်သောမတ်စ်က ရမှတ်ပေါင်း ၆၆ မှတ်ဖြင့် ယခုနှစ် PGA Tour ၏ တစ်နှစ်တာအကောင်းဆုံး အမေရိကန်ဂေါက်သီးရိုက်ကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဆုကိုရွေးချယ်ခဲ့ပြီးနောက် ယခုလကုန်ပိုင်းတွင် PGA Tour ၏ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးရိုက် ကစားသမားဆုကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ရာ ယင်းဆုအတွက် ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက်ကစားသမား ဒက်စတင်းဂျွန်ဆင်က ရရှိရန် ရေပန်းစားနေသည်။                                                                     

 (သူရိန်)






အခြားဆက်စပ်သတင်းများ