နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာပွဲစဉ်မှာ ဂိုး ၁၀၀ ပြည့်သွားတာတောင် ကျေနပ်မှုမရှိသေးတဲ့ ရော်နယ်လ်ဒို

စက်တင်ဘာ  ၁၀


နေးရှင်းလိဂ်မှာ ဆွီဒင်ကို ၂−၀ နဲ့ နိုင်တဲ့ ပေါ်တူဂီအတွက် အနိုင်ဂိုး ၂ ဂိုးလုံးကို သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို ဟာ စံချိန်သစ်တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။ ဂိုး ၁၀၁ ဂိုးသွင်းယူနိုင်တဲ့ ရော်နယ်လ်ဒိုဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ဂိုးပေါင်း ၁၀၀ အထက်သွင်းနိုင်တဲ့ ဥရောပရဲ့ ပထမဆုံးကစားသမားဆိုတဲ့ဂုဏ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆွီဒင်နဲ့ပွဲမှာ ပွဲကစားချိန် ၄၅ မိနစ်အရောက်မှာ ၂၅ ကိုက်အကွာတွင် ရရှိတဲ့ ဖရီးကစ်ကို ကိုယ်တိုင် ဂိုးအဖြစ် ပြောင်းလဲနိုင်အောင် လှလှပပကန်သွင်းခဲ့တာကြောင့် ဂိုးပေါင်း ၁၀၀ ပြည့်မြောက်တဲ့မှတ်တမ်းကို ရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ကစားသမားဘဝ ၅၇ ဂိုးမြောက် ဖရီးကစ်မှတ်တမ်းအဖြစ်လည်း သတ်မှတ်ခံရတာကြောင့် ရော်နယ်လ်ဒိုဟာ မှတ်တမ်းနှစ်ခု တစ်ပြိုင်တည်း ရရှိခဲ့ပါတယ်။ ၁၀၁ ဂိုးမြောက်ဖြစ်လာမယ့်ဂိုးကိုတော့ တိုက်စစ်မှူး ဂျောင်ဖယ်လစ် ဖန်တီးပေးမှုကို အဆုံးသတ်သေချာစွာနဲ့ ဂိုးအဖြစ်ပြောင်းလဲလိုက်နိုင်ခဲ့တာ ကြောင့်  ၁၀၁ ဂိုးမြောက် ရရှိခဲ့ပါတယ်။ ၁၉၉၃− ၂၀၀၆ ခုနှစ်အတွင်း အီရန်ကစားသမား အလီဒါအိတင်ထားတဲ့ ဂိုးပေါင်း ၁၀၉ ဂိုးကို လိုက်မီဖို့ ၈ ဂိုးသာ လိုပါတော့တယ်။ ရော်နယ်လ်ဒိုရဲ့နောက်မှာတော့ ဆူနေချက်ထရီ ၇၂ ဂိုး        (အိန္ဒိယ)၊ မက်ဆီ ၇၀ ဂိုး(အာဂျင်တီးနား)တို့ပဲ ဂိုးတွေသွင်းထားခဲ့ကြပါတယ်။ ရော်နယ်လ်ဒိုရဲ့ နိုင်ငံအသင်း ကစားသမားဘဝ သွင်းဂိုးတွေဟာ အသက် ၃၀ ပြည့်ပြီးကစားတဲ့ ပေါ်တူဂီပွဲ ၄၇ ပွဲမှာ ၄၉ ဂိုးထိ သွင်းခဲ့တာပါ။ စုစုပေါင်း ၁၆၅ ပွဲရှိလာတဲ့အတွက် အသက် ၃၀ နှစ်နောက်ပိုင်း ဂိုးသွင်းနှုန်းပိုကောင်းနေတာကြောင့် နောက် ၈ ပွဲအတွင်း လက်ရှိစံချိန်ကို ကျော်တက်နိုင်မယ်လို့ ထင်မိပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ