နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုရသူစာရင်း ထွက်ပေါ်လာပါပြီ

စက်တင်ဘာ  ၁၀


ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး(PFA) ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုရရှိသူများစာရင်းကို အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးလူငယ်အားကစားသမားဆုကို လီဗာပူးလ် အသင်းက ထရန့်အလက်ဇန်းဒါးအာနိုးက ရရှိခဲ့ပါတယ်။ ဒါဟာလီဗာပူးက စတီဗင်ဂျရတ်အပြီး ပထမဆုံး ပြန်ရခဲ့တာပါ။ အားကစားသမားတိုင်း ရယူပိုင်ဆိုင်ချင်တဲ့ အကောင်းဆုံးအမျိုးသားအားကစားသမားဆု ကိုတော့  ကီဗင်ဒီဘရိုင်းနားက ရရှိသွားပါတယ်။ ဒီဆုကို မန်စီးတီးအားကစားသမားတစ်ယောက်က ပထမဆုံး ရရှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဆုရစာရင်းမကြေညာခင်ကတော့ ဒီနှစ်လည်း ဒီဆုကို လီဗာပူးလ်ကစားသမား တစ်ယောက်ယောက်ပဲ ရလိမ့်မယ်လို့ ဝေဖန်တိုက်ခိုက်နေကြတဲ့ ဂွါဒီယိုလာ၊ ဘာနာဒိုဆေးဗား၊ စတားလင်း စတဲ့ မန်စီးတီးအဖွဲ့သားများ ခုတော့ ကျေနပ်နှစ်သက်သွားမယ်လို့ထင်ပါတယ်။ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆုကိုတော့ ဘက်သ်အင်္ဂလန်၊ PFA တစ်နှစ်တာအကောင်းဆုံးလူငယ်အမျိုးသမီးအားကစားသမားဆုကိုတော့ လော်ရန်းဟမ့်ပ်က ဆွတ်ခူးရရှိခဲ့ပါတယ်။ မားကပ်ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ ကွင်းပြင်ပ လူမှုဝန်းကျင်စွမ်းဆောင်မှုများအတွက် အထူးအသိအမှတ်ပြုဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ နွေရာသီထမင်းအခမဲ့ကျွေးတဲ့အစီအစဉ်ကို ပြန်လည်ဖြစ်မြောက် အောင် လှုံဆော်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့တာကြောင့် ဒီဆုကိုချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ PFA တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားဆုအတွက် လျာထားခံခဲ့ရသူအားလုံး PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားအသင်းထဲမှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ နစ်ဝုဝ်၊ ကယ်လ်ဂါ ဆရန်ကျူး၊ ဒေးဗစ်ဆေးဗား၊ ဂျေမီဗာဒီနဲ့ အူဘာမီယန်းတို့လည်း ပါဝင်ခဲ့ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ