စက်တင်ဘာ ၉
သိပ္ပံပညာရှင်များက ‘digital sanitizer’ တစ်ခုကို ပိုးမွှားများဖယ်ရှားရှင်းလင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးလိုက်ခြင်းဖြစ်သည်။ ဗက်တီးရီးယားများကို (၁၀) စက္ကန့်အတွင်း သတ်ပေးနိုင်သည့် ‘digital sanitizer’ ဖြစ်ပြီး စမတ်ဖုန်း၏မီးတွင် ချိတ်ဆက်အသုံးပြုရခြင်းဖြစ်သည်။ ထိုသတင်းကို Daily Mail တွင် ဖော်ပြထားပြီးဖြစ်သည်။
UVLEN device ဖြစ်ပြီး တောင်ကိုရီးယားကုမ္ပဏီ UVLEN မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ထိုပစ္စည်းကို ultraviolet light ကို အသုံးပြုထားပြီး အဆိုပါရောင်ခြည်ဖြင့် ပိုးမွှားများကို သတ်ပေးနိုင်ခြင်းဖြစ်သည်။ ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူစေသည့် အဆိုပါ digital sanitizer ကို စျေးကွက်ထဲသို့ မကြာမီဖြန့်ချိနိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။ စမတ်ဖုန်း၏ နောက်ကျောဘက် Flashlight အလင်းပေါက်တွင် တပ်ဆင်အသုံးပြုရခြင်းဖြစ်သည်။
အဆိုပါ digital sanitizer သည် ‘ultraviolet germicidal irradiation’ (UVGI) ကို အသုံးပြုထားပြီး ultraviolet အလင်းတိုများကို အသုံးပြုထားသည်။ သာမန်မျက်စိဖြင့် မတွေ့မြင်နိုင်သည့် သေးငယ်လွန်းသည့် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို သတ်ပေးနိုင်စွမ်းရှိသည်။ ယင်း၏လုပ်ဆောင်ပုံမှာ စမတ်ဖုန်းမီးက ထွက်သည့်အလင်းကို ultraviolet အဖြစ် ပြောင်းလဲပေးခြင်းဖြစ်သောကြောင့် ဖုန်းနောက်ကျောဘက်က အလင်းနေရာတွင် ထားရှိအသုံးပြုပေးရခြင်းဖြစ်သည်။
အဆိုပါထွက်ရှိလာသည့်အလင်းသည် ပိုးမွှားများကိုသေစေနိုင်သည့် အလင်းအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က UV radiation များက အရေပြားနှင့် မျက်လုံးကို ထိခိုက်စေကြောင်း ပြောထားသည်။
UVC ၏ အဓိကအရင်းအမြစ်က carcinogenic ဖြစ်သည်။ carcinogenic က genome (သို့မဟုတ်) cellular metabolic လုပ်ငန်းများကို နှောင့်ယှက်သည့် ဆိုးကျိုးကိုဖြစ်စေနိုင်သော်လည်း UVC light wavelength (207-222 nanometers) အတွင်းသာရှိပါက အရေပြားဖြင့် ထိတွေ့မိသော်လည်း အန္တရာယ် မဖြစ်စေနိုင်ပါ။ UVLEN has ကို လက်ရှိတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ လူကိုအန္တရာယ်ဖြစ်ခြင်းမျိုးမရှိဘဲ တစ်နေ့အကြိမ် (၅၀) အသုံးပြုနိုင်ကြောင်း တရားဝင်ထောက်ခံမှုရရှိထားသည့် အဆိုပါ digital sanitizer ကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာသာ ကျသင့်မည်ဖြစ်သည့်အပြင် သယ်ဆောင်ရလွယ်ကူစေပြီး အသုံးပြုရာ တွင်လည်း အနံ့ဆိုးများထွက်ခြင်းမရှိသည့်အပြင် လက်၊ Face Mask ၊ ကွန်ပျူတာ ကီးဘုတ်အပြင် အိမ်ရှိ အခြားမျက်နှာပြင်နေရာတို့ကိုပါ အသုံးပြုနိုင်သည်။
(WP)