နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိမိအသုံးပြုနေသည့် အင်တာနက်မြန်နှုန်း စစ်ဆေးနိုင်ပြီ

စက်တင်ဘာ   ၉


မိမိအသုံးပြုနေသည့် အင်တာနက်မြန်နှုန်းကို သိရှိလိုပါက ‘Speedtest by Ookla’ ဖြင့် တိုင်းတာ ကြည့်နိုင်သည်။ အဆိုပါအဖွဲ့အစည်း၏ Website နှင့် Application မှတစ်ဆင့် မိမိအင်တာနက်မြန်နှုန်းကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။

Ookla ၏ အင်တာနက်မြန်နှုန်း ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံရှိ telecom operator လေးခုထဲမှ Mytel က ပျမ်းမျှ download speed 31.38 Mbps၊ upload speed 16.07 Mbps၊ အင်တာနက်မြန်နှုန်းရမှတ် (speed test score) 36.58 နှင့် အမြန်ဆုံး တယ်လီကွန်းကွန်ရက်ဆုဖြင့် နံပါတ် (၁) နေရာကို ရရှိခဲ့သည့်အပြင် Mytel က ဒုတိယနေရာရှိ တယ်လီကွန်းကွန်ရက်မြန်နှုန်းရမှတ်ထက် ၁၀ မှတ် နီးပါး ပိုများသည်ကို တွေ့ရသည်။  ၂၀၂၀ ပြည့်နှစ်၏ ပထမနှင့် ဒုတိယ သုံးလပတ်ကာလများတွင် COVID-19 ကပ်ရောဂါကြောင့် အိမ်မှာနေပြီး  အင်တာနက်အသုံးပြုမှု များစွာမြင့်တက်လာခဲ့သည်။ 

ထိုကာလတွင် online မှတစ်ဆင့် အလုပ်များဖြစ်သည့် business meeting များ၊ online learning များ၊ E-commerce နှင့် အခြားသော online လုပ်ငန်း လုပ်ဆောင်မှုများအပြင်  COVID-19 နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီသိနိုင်ရန် အင်တာနက်ကို ပိုမိုအသုံးပြုလာကြသည်။  ထိုကာလအတွင်း အင်တာနက်သုံးစွဲမှုနှုန်းသည်  ယခင်ကာလထက် သိသာစွာမြင့်တက်ခဲ့ရာ Mytel က အမြန်ဆုံးအင်တာနက်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ 

ယခု မိမိအသုံးပြုနေသည့် အင်တာနက်မြန်နှုန်းကို သိရှိလိုပါက  https://www.speedtest .net/  တွင် စစ်ဆေးကြည့်နိုင်သည်။                                                                                                           

 (WP)






အခြားဆက်စပ်သတင်းများ