နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ သခွားသီးလှိုင်လှိုင်ပေါ်သော်လည်း ဈေးနှုန်းကျဆင်းနေ

ကျောက်ပန်းတောင်း၊  စက်တင်ဘာ  ၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာ များ စိုက်ပျိုးသည့် သခွားသီးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိုက်ပျိုးသည့်တောင်သူများ အခက်အခဲကြုံတွေ့နေရကြာင်း မုန့်ကုန်းကျေးရွာ သခွားစိုက်တောင်သူ ဦးနန်းတင်ထံက သိရသည်။

သခွားစိုက်ပျိုးခြင်းကို ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ  ဖြစ်ကြသော လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ကုန်းတဲကျေးရွာ၊ မုန့်ကုန်းကျေးရွာ နှင့် ဆပ်ပြာကျင်းကျေးရွာများသည် သခွားစိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။ 

သခွားသီးစိုက်ပျိုးရာတွင် ကိုးသုံးလုံးတံဆိပ်ဝယ်ယူစိုက်ပျိုးရကာ အစေ့တိုက်ရိုက်စိုက်ပျိုးရပြီး နှစ်ပေခြား စိုက်ပျိုးပေးရကြောင်း၊ တိုင်ထောင်စနစ်ဖြင့်စိုက်ပျိုးပြီး အပင်၏နွယ်ကို တိုင်ထောင်ကာ အလျားအတန်းထား သည့် ထုတ်တန်းပေါ်ရှိစေခြင်းဖြင့် အသီးသီးစေသော စိုက်ပျိုးနည်း သခွားဖြစ်ကြောင်း၊ စိုက်ပျိုးပြီး တစ်လပြည့် လျှင် အဖူး၊အပွင့် ပွင့်ကာအသီးစတင်သီးကြောင်း၊ အသီးစတင်ပေါ်ချိန်မှစကာ သုံးရက်တစ်ကြိမ် ဆွတ်ခူးရပြီး ရေသွင်းသည့်အခါ မြောင်းစနစ်ဖြင့်ရေသွင်းမှသာ အဆင်ပြေကြောင်း၊ ရေကြိုက်သည့်သခွားမျိုးဖြစ်ပြီး သခွားသီး စတင်ပေါ်ချိန်က တစ်လုံး ၅၀ ကျပ် ရောင်းချခဲ့ရကာ သခွားစိုက်တောင်သူများ အသီးလှိုင်လှိုင်ပေါ်ချိန် တစ်လုံး ၃၀ ကျပ်သာ ရောင်းချရခြင်းကြောင့် စိုက်စရိတ်အရင်းအနှီးပြန်ရဖို့ပင် ခက်ခဲနေရကြောင်း လဲဂွကျေးရွာ သခွားစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

ထွက်ရှိလာသည့် သခွားသီးများကို ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့ သွားရောက်ရောင်းချခြင်း၊ ကုန်စိမ်းပွဲစားများ အခင်းအထိလာရောက်ဝယ်ယူခြင်းများရှိသော်လည်း သခွားသီးတစ်လုံး တစ်ရာကျပ်၊ တစ်ရာ့နှစ်ဆယ်ကျပ် ရောင်းချရမှသာ စိုက်ပျိုးစရိတ်ကာမိပြီး အမြတ်ထွက်ကြောင်း၊ တစ်လုံး ၃၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် သခွားစိုက်တောင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သခွားစိုက်တောင်သူ ဦးတင်ထွန်းအောင်က ပြောကြား၍ သိရသည်။


ကိုထိန်(KPD)






အခြားဆက်စပ်သတင်းများ