နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေဟု ဒီပေး ပြော

စက်တင်ဘာ  ၉


ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေကြောင်း လိုင်ယွန်အသင်းခေါင်းဆောင် ဒီပေးက ပြောကြားခဲ့ သည်။

ဒီပေးသည် မန်ယူအသင်းမှ လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဥရောပအသင်းကြီးများက စောင့်ကြည့် လာသည်အထိ ခြေစွမ်းပြနိုင်ခဲ့သကဲ့သို့ နယ်သာလန်လက်ရွေးစင်အသင်းတွင်လည်း အကောင်းဆုံး ခြေစွမ်းပြ နေသည့်အတွက် ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ယင်းကိုခေါ်ယူရန် အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဒီပေးကိုယ်တိုင်ကလည်း နည်းပြ ရော်နယ်လ်ကိုးမန်းနှင့် လက်တွဲရန် ဆန္ဒရှိနေသည့်အတွက် ဘာစီလိုနာ အသင်းနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဒီပေးသည် လာမည့်နွေရာသီတွင် လိုင်ယွန်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် အသင်းက ယင်းကို ရောင်းချမည့်အခြေအနေတွင် ရှိနေသည်။ သို့သော် ဒီပေးကို ခေါ်ယူရန် ဘာစီလိုနာအပြင် အခြားအသင်းကြီးများကလည်း စိတ်ဝင်စားနေကြပြီး လိုင်ယွန်အသင်းအနေဖြင့် ဈေးပိုပေးနိုင်သည့် အသင်းထံ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


(ဝင်းလွင်)






အခြားဆက်စပ်သတင်းများ