နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်းဒါရိုက်တာရဲ့ပညာပါတဲ့ ပြောင်းရွှေ့ညှိနှိုင်းမှုကြောင့် ဟာဇက်ရောင်းချမှုကနေ ထပ်မံဝင်ငွေရဦးမှာပါ

စက်တင်ဘာ  ၉


ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်တို့ ချဲလ်ဆီးထံကနေ အီဒင်ဟာဇက်ကို ယူရိုသန်း ၁၀၀ နဲ့ဝယ်ယူခဲ့ပါတယ်။ အဲဒီ အပြောင်းအရွှေ့ကနေ ချဲလ်ဆီးဟာ အပိုဆုကြေးတွေရရှိနေခဲ့ပါတယ်။ ဒီစာချုပ်ကို ချဲလ်ဆီးဒါရိုက်တာက ပညာပါပါ လိမ္မာပါးနပ်စွာနဲ့ ပြောင်းရွှေ့ညှိနှိုင်းမှုအောင်မြင်အောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ Voetball ရဲ့ ဖော်ပြချက်အရဆိုရင် ချဲလ်ဆီးဟာ ဟာဇက်ရဲ့အပြောင်းအရွှေ့ဖြစ်ပြီး ၃ နှစ်အတွင်းမှာ အောင်မြင်မှုနဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး နောက်ထပ်အပိုဆုကြေး ပေါင် သန်း ၁၅၀ နီးပါးအထိ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် ချဲလ်ဆီးအသင်းက ဟာဇက်ဆီကနေ ပေါင် ၃၆ သန်း အရင်ဆုံး ရရှိမှာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ပေါင်သန်း ၅၀ နဲ့ နောက်ထပ်တစ်ရာသီအတွက် ပေါင် ၅၇ သန်း ထပ်မံရရှိဦးမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဟာကင်ဇီယက်ချ်၊ တီမိုဗာနာ၊ ဘန်ချေဝဲလ်၊ ကိုင်ဟာဗက်ဇ်တို့ကို ပေါင်သန်း ၂၀၀ ဝန်းကျင်သုံးပြီး ဝယ်ယူထားရပါတယ်။ ဒီစရိတ်တွေထဲမှာ ဟာဇက်ရောင်းချလို့ရတဲ့ဝင်ငွေနဲ့ အပိုဆုကြေးကငွေကြေးတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ ဟာဇက် ဟာ ရီးရဲလ်အတွက် ၂၂ ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဟာဇက်တစ်ယောက် ဒဏ်ရာပြဿနာနဲ့သာရင်ဆိုင်နေရတဲ့ အချိန်က များခဲ့ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ